Part 17

2K 162 1
                                    

'သမီး မေ breakfast စားပြီးရင် ဒယ်ဒီ့စာဖတ်ခန်းထဲ လာခဲ့ပါ'

'ဟုတ်ကဲ့ ဒယ်ဒီ'

'မေ စားပြီးသည်နှင့် စာဖတ်ခန်းကိုသွားတော့ ဒယ်ဒီက အဆင်သင့်စောင့်နေ၍ ဒယ်ဒီနှင့် မျက်နှာချင်းဆိုင်ထိုင်လိုက်ပါသည်။

'သဘက်ခါစာချုပ်က Japan မှာ တတိယနာမည်အကြီးဆုံးဖြစ်တဲ့ Okasa Company နဲ့ မဟုတ်လား သမီး'

'ဟုတ်တယ် ဒယ်ဒီ Okasa နဲ့သာ အဆင်ပြေရင် သမီးတို့ Company က Japan အထိပါ နာမည်ကျော်သွားမှာ ပြီးတော့ Opportunity တွေလဲ အများကြီးရမယ် Advantage ကလဲ သုံးဆလောက်ရနိုင်မှာ ဒယ်ဒီ'

'အရင် ဒယ်ဒီ့လက်ထက်မှာကတည်းက Okasa နဲ့ Collaboration လုပ်ဖို့ ခဏခဏ request လုပ်ဖူးတယ် မအောင်မြင်ခဲ့ဘူး သမီး CEO ဖြစ်လာမှ အခုလိုအောင်မြင်တာ ဒယ်ဒီ သမီးကို ချီးကျူးပါတယ်ကွယ် ပြီးတော့ စာချုပ်ကိစ္စကို ဘယ်လိုနည်းနဲ့မှ မပျက်ကွက်စေနဲ့ သမီး'

'စိတ်ချပါ ဒယ်ဒီ မေ က ဘယ်တုန်းကမှ အမှားမရှိခဲ့ဖူးသလို ဘယ်တော့မှလဲ အမှားမလုပ်ပါဘူး'

'သမီးကို စိတ်ချပြီးသားပါ ဒယ်ဒီက remind လုပ်ပေးရုံပါပဲ'

'ဟုတ်ကဲ့ပါ ဒယ်ဒီ သမီးနားလည်ပါတယ်'

.................................×...........................

'မမ ဟိန်း ကို တစ်ခုလောက်ကူညီပါဦး'

'နင် ငါ့ရှေ့ပေါ်လာရဲသေးတယ်နော် ဝဏ္ဏဟိန်း နင် အကူအညီတောင်းလို့ ငါက မကောင်းတဲ့လူ ဖြစ်ပြီးပြီ ငါ့ကတိနဲ့ငါမို့ နင့်ကိုကူညီပေးခဲ့တာ နင့်အရှုပ်ထုပ်တွေထဲ ငါ မပါတော့ဘူး နင့်ပြဿနာ နင့်ဘာသာရှင်းတော့'

'မမကလဲ သူစိမ်းကျနေတာပဲဗျာ ကိုယ့်မောင်လေးကို'

'ငါ့မောင်ဖြစ်နေပေမယ့် နင်က သူတပါးကို ဒုက္ခပေးချင်နေတာလေ မကောင်းတဲ့အလုပ်တော့ ငါ အားမပေးနိုင်ဘူး နင်ပြောထားတဲ့အတိုင်း မေထိုက်တန်ကို နင်နဲ့ငါ မောင်နှမတော်တာ ငါ မပြောဘူး ဒီလောက်ဆိုရင် နင် ကျေနပ်ဖို့ကောင်းပြီ နောက်ကို ငါ့ရှေ့ပေါ်မလာနဲ့တော့'

'ဟာ..မမ ဘာလို့ ဒီလောက်တောင် ရင့်သီးနေတာလဲ ဘာလဲ   မမက ထိပ်ဦးတင်ဆိုတဲ့ဟာမလေးကို သံယောဇဥ်ဖြစ်နေတာလား'

"ငြိုးမာန်ဖွဲ့ချစ်ခြင်း" (Complete)Where stories live. Discover now