Part 1

8.3K 312 5
                                    

'မေ ဘယ်သွားမလို့လဲ'

'ဒီမှာ ထိပ် ကို မေ တစ်ခုပြောမယ် မေ နဲ့ ထိပ် ချစ်လာတာကြာပြီ မေမေတို့ မကြိုက်တာတောင် ထိပ် ကို မေ ချစ်ခဲ့တယ် ပြီးတော့ ထိပ်နဲ့ အတူတူလာနေတယ် ဒါပေမယ့် ခုလို ပြောတာ မေးတာ ချုပ်ချယ်တာ မေ လုံးဝမကြိုက်ဘူး ဒါက မေ ရဲ့ privacy ပါ ထိပ် နေရာတကာ မသိချင်ပါနဲ့'

ထိပ်ဦးတင် သက်ပြင်းချလိုက်သည်။

'အဲ့လိုသဘော မဟုတ်ပါဘူး မေ ရဲ့ မေ သွားမယ့်နေရာ သိထားတော့ တစ်ခုခုဆို ကူညီပေးလို့ရတာပေါ့ ထိပ် က စိတ်ပူလို့ပြောတာပါ စိတ်မဆိုးနဲ့နော် မေ့ကို ချစ်လို့ပြောတာပါ'

'ချစ်တာသိပါတယ် ဒါပေမယ့် မေလဲ မေ့ရဲ့ ကိုယ်ပိုင်အချိန် ရှိချင်တယ် ထိပ် နောက်ကို အခုလိုတွေ ထပ်ပြောစရာမလိုဘူး ထင်ပါတယ်နော်'

'ဟုတ်ပါပြီ အချစ်ရယ် ထိပ် ဆင်ခြင်ပါ့မယ်'

'ပြီးတာပဲ မေ သွားတော့မယ် ထိပ် လဲ ဆိုင်သွားလိုက်ဦးလေ'

ရှပ်အဖြူဆွတ်ဆွတ်လေးကို စတိုင်ပန်န်အရှည်အနီလေးနဲ့ တွဲဝတ်ထားပြီး ဒေါက်အနက်လေးစီးထားသော ချောမောကျော့ရှင်းလှတဲ့ မေထိုက်တန် ရဲ့ နောက်ကျောဘက်ကိုကြည့်ရင်း ထိပ် ကျန်ရစ်ခဲ့သည်။ သူ့စိတ်ထဲမှာ မေ့ကို ချုပ်ချယ်လိုစိတ် လုံးဝမရှိတာ သူပဲသိသည်။ မေ သူ့ကိုချစ်တာလဲ သူသိပေမယ့် မေ က တခါတရံနားလည်ရခက်သည်။ သူနဲ့မေ ချစ်သက်တမ်း ၃ နှစ်ကျော်ခဲ့ပြီ။ သူ့ဘက်က လက်ထပ်ချင်ပေမယ့် မေကတော့ စောသေးသည် ထင်သည်။ သူ မေ့ကို အရမ်းချစ်လွန်းတော့ မေ စိတ်ညစ်မယ့်ကိစ္စတွေ သူဘာမှမလုပ်ချင်ပါ။ မေ က တစ်ဦးတည်းသောသမီးဖြစ်ပြီး မိဘများကလဲ နာမည်ကြီး ကုမ္ပဏီကြီးတစ်ခုရဲ့ Director များဖြစ်ကြသည်။ သူ နဲ့ မေ ကျောင်းတက်ရင်း အတူတွေ့ခဲ့ကြသည် မေ့နားမှာ ကောင်လေးတွေ ဝိုင်းဝိုင်းလည်နေသည့်ကြားကပင် သူ မေ့ကို ရအောင်လိုက်ခဲ့သည်။ သူ့ရဲ့ အနစ်နာခံမှု သည်းခံမှု စိတ်ရှည်မှု အလိုက်သိမှုတို့က မေ့ရဲ့စိတ်ကို သိမ်းသွင်းနိုင်ခဲ့သည်။ မေ့လို အဘက်ဘက်က ပြည့်စုံပြီးတော်တဲ့လူမျိုးကို ချစ်သူတော်ရသည်မှာ ကံကောင်းလွန်းသည် ဟု သူထင်သည်။ ဒါကြောင့်ပဲ သူ မေ့ကို အရာရာသည်းခံဦးစားပေးသည်။ တခါတလေ မေ့ ပြောစကားတွေကြောင့် စိတ်မကောင်း ဖြစ်ရပေမယ့် ချစ်တဲ့စိတ်နဲ့ သူ ချေဖျက်ခဲ့ပါသည်။

"ငြိုးမာန်ဖွဲ့ချစ်ခြင်း" (Complete)Where stories live. Discover now