Part 8

2.1K 186 0
                                    

'မ ဘာတွေတွေးနေတာလဲ ချစ်သူကို သတိရနေတာလား'

အလုပ်လုပ်နေရင်း တစ်ချက်တစ်ချက် ငိုင် ငိုင်သွားသည့် မ ကို သွန်းမေးလိုက်သည်။ မေထိုက်တန်နဲ့ မ မတွေ့တာ တစ်ပတ်လောက်ရှိပြီ။ ဒီတခါ မ ပုံစံက အလျှော့မပေးမယ့်ပုံစံပေါ်နေသည်။ မ ပါးချိုင့်လေးတွေ အသက်ဝင်နေသော်လည်း မျက်ဝန်းများက ရီဝေစွာ ဆွေးနေတတ်သည်။ မ ကို ခုလိုမြင်ရသည့်အတွက် စိတ်မကောင်းပါ။ မေထိုက်တန်ကို ကြည့်မရပေမယ့် မ ကိုတော့ပျော်ရွှင်စေချင်သည်။

'မဟုတ်ပါဘူး သွန်းရာ မ အလုပ်ကြိုးစားနေတာပါ အခုဆိုင်ခွဲတွေထပ်ဖွင့်ဖို့အတွက် ပြင်ဆင်နေရတာနဲ့ အလုပ်များနေတာ သွန်းလေး ဗိုက်ဆာနေပြီလား'

ထိပ် တကယ်ပဲ မေ့ကိုအရမ်းလွမ်းနေပါပြီ။ သူ မေ့ကို စိတ်မဆိုးတော့ပေမယ့် မေ့ဘက်က သူ့ကိုအဆက်အသွယ်ဖြတ်သလိုဖြစ်နေတာကိုတော့ ခံပြင်းလှသည်။ ဖုန်းကိုဆက်ရန် အကြိမ်ကြိမ်တွေးပေမယ့် မာနနဲ့အလုပ်ကိုသာ ဦးစားပေးတဲ့မေ့ကို သူ စိတ်နာချင်သည်။ မေ သာ သူ့ကို အကျိုးအကြောင်းရှင်းပြမည်ဆိုလျှင် သူ့ဘက်က သည်းခံမှာပဲဖြစ်သည်။ မေ က သူ့ကိုပဲချစ်တာသိပေမယ့် အရာရာနှင့်ပတ်သက်ရင် သူ့ကိုအလေးမထားတာကို ထိပ် စိတ်ခုနေမိသည်။ သူအမြဲသည်းခံနေပေမယ့် အခုဖြစ်ခဲ့တဲ့ကိစ္စကိုတော့ မေ ရှင်းပြသင့်သည်ဟု ထင်မိသည်။

ကျောင်းမှာကတည်းက မေ့ ကို အရာရာသည်းခံပြီး ချစ်လာခဲ့တာကြာပြီမို့ သူ့အပေါ်ကိုလဲ တခါတလေ အလျှော့ပေးစေချင်မိသည်။ သို့သော် မေ က သူမှန်တယ်ထင်ရင် ဘာကိုမှဂရုမစိုက် မဖြေရှင်းတတ်သူမို့ သူ့ဘက်ကပဲ သည်းခံရတာများလေသည်။ ယခုလဲ သူ့ဘက်ကစဆက်သွယ်ဖို့ အကြောင်းမရှိမှန်း ထိပ် က သိနေပါသည်။ ဘာကြောင့်လဲဆိုလျှင် ထိပ် ချစ်သူက မာနထွဋ်ခေါင် ဖြစ်နေသူမို့သာတည်း။

'သွန်းကိုမညာပါနဲ့ မ ရယ် မ ကို သွန်းက မှန်တစ်ချပ်လိုအမြဲကြည့်နေတာ မ စိတ်ကို သွန်းသိတာပေါ့'

'ကဲပါ ဟုတ်ပါပြီ အဲ့ဒါတွေထားလိုက်တော့လေနော် အပြင်သွားစားကြမလား'

'ဟုတ် သွားမယ်လေ မ လဲ အလုပ်ပိပြီး ညောင်းနေရောပေါ့'

'ညောင်းပါဘူး ဟော့ဒီက မ ရဲ့ သွန်းလေးကြောင့် မ အလုပ်တွေမြန်မြန်ပြီးတာ သွန်းလေးကိုကျေးဇူးတင်ရမှာ'

"ငြိုးမာန်ဖွဲ့ချစ်ခြင်း" (Complete)Where stories live. Discover now