Part 11

2.1K 166 0
                                    

ထိပ် ပြင်ဆင်ပြီးတော့ ရေမိုးချိုး၍ မေ့ ကို စောင့်နေလိုက်သည်။ Surprise and Romantic ကို အရမ်းကြိုက်တတ်သော မေ က ထိပ် ပြင်ဆင်ထားတာသိလျှင် အရမ်းပျော်ရွှင်လိမ့်မည် ဟု ထိပ် ထင်မြင်မိပါသည်။

မေ စောပြန်လာမည် ဟု ထိပ် ကို ပြောထားသော်လည်း တကယ်တမ်းကျ အလုပ်ကမပြတ်ပါ။ မေ့စိတ်က ထိပ်ဆီရောက်နေသော်လည်း လူကတော့ အလုပ်ထဲ ပိနေပါသည်။ မေ ပြန်တဲ့ အချိန်ကျ ည ၉ နာရီကျော်ခဲ့ပြီ။

'CEO....ကျွန်မ ကားမောင်းပြီး....'

'နေပစေတော့ ကိုယ့်ဘာသာပဲ မောင်းပြန်လိုက်မယ်'

'ဟုတ်ကဲ့ပါရှင့် ဖြည်းဖြည်းပြန်ပါ'

မေ အရမ်းကိုပြန်ရောက်ချင်နေသည်မို့ မသံသာချို စကားကိုဖြတ်ပြီး ကားပေါ်တက်မောင်းလာခဲ့သည်။ မေ တိုက်အောက်ထပ်မှာ ကားကို ကျင်လည်စွာမောင်းသိမ်းလိုက်ပြီး တံခါးကိုဖွင့်လိုက်သည့်အခါ မေ့နောက်မှ လက်နွေးနွေးတစ်ခုက မေ့မျက်လုံးတို့ကို ဖွဖွလေးအုပ်လာခဲ့သည်။ မီးရောင်မှိန်မှိန်အခန်းလေးထဲတွင် မေ ရုတ်တရက် လန့်သွားသော်လည်း ချက်ချင်းပင် နောက်သို့လှည့်ကာ နှုတ်ခမ်းတစ်စုံကို မော့နမ်းလိုက်သည်။

'ဟာ...မေ က ထိပ် မှန်း ဘယ်လိုသိလဲ တခြားသူဖြစ်နေရင် ဘယ်လိုလုပ်မလဲ'

'မေ က ထိပ် ကိုမသိစရာလား ထိပ် ကိုယ်သင်းနံ့ကို မေ လုံးဝအလွတ်ရပြီးသား ဒါနဲ့ ထိပ် က ဘာလို့အခန်းမှာရှိမနေတာလဲ အပြင်က ပြန်လာတာလား'

'အဟင်း..ဟုတ်တယ် မေ နောက်ကျနေတာ ကိုယ့်ဘာသာ ကားမောင်းပြန်လာမယ် သိနေလို့ ထိပ် ကားငှားပြီး Company ရှေ့လာစောင့်ပြီး နောက်ကနေလိုက်လာတာ မေ့ကိုစိတ်ပူလို့ပါ'

'Darling ရယ်'

မေ စိတ်မကောင်းဖြစ်သွားပြီး ထိပ် ခါးကိုဖက်ထားလိုက်ပြီး ထိပ် ရင်ခွင်တွင် သူ့ပါးလေးကို အပ်ထားလိုက်သည်။ ထိပ်နှင့်ချစ်သူစဖြစ်ကတည်းက ထိပ် ကို အိမ်နှင့် Companyသို့ လုံးဝမလာရန် ကတိတောင်းထားခဲ့သည်။ မေ စိတ်ရှုပ်မခံချင်သောကြောင့် ထိပ်အပေါ်မတရားပေမယ့် ထိပ် လက်ခံပေးခဲ့ပါသည်။ ခုလဲ ထိပ် စိတ်ပူလွန်းလို့သာ လိုက်လာခဲ့တာ ဖြစ်ပေမည်။ မေ Company အပြင်ဘက်မှာ သူအကြာကြီးစောင့်ခဲ့ရပေမည်။ အခုလိုတွေးမိတော့ ထိပ် သူ့ကိုဘယ်လောက်ချစ်တာ မေ ပိုသိနေရပါသည်။ အချစ်တစ်ခုဟာ ချစ်နေရုံနဲ့မပြီးပဲ ကြင်နာဂရုစိုက်မှု နားလည်မှု ရှိနေမှသာ အဆင်ပြေမြဲကိုး။ ထိပ် မေ့ဆံစလေးတွေကိုနမ်းရင်း....

"ငြိုးမာန်ဖွဲ့ချစ်ခြင်း" (Complete)Where stories live. Discover now