Part(14)

615 65 29
                                    

"ခင်ဗျား လာပါဦး
Hoseok Hyung ဆီက mail ဝင်တယ်"

ကြည်လင်ပျော်ရွှင်နေသောအသံကလေးသည် လင်းအရုဏ်ဦး၏ တေးချိုချိုကလေး ဖြစ်ပါသည်။

"အိပ်ရေးဝလို့လား"

ဆောင်းထားတဲ့ ခေါင်းစွပ်လေးကို အသာပွတ်ရင်း သူ မေးလိုက်သည်။ ဆံပင်ကျွတ်တာတွေကို မသိစေချင်တဲ့ ကောင်လေးဟာ ဦးထုပ်ကို မချွတ်တမ်း ဆောင်းတတ်သေးသည်။
ကိုယ်ဟာ မင်း ထင်ထားတာထက် ပိုပြီး သန်မာပါတယ်ကွယ်။

"ကလေးရော၊ ခင်ဗျားရော နေကောင်းတယ်မလားတဲ့

ရောက်တာ တစ်ပတ်မပြည့်သေးပေမယ့် ချစ်သူ ရနေပြီတဲ့

သူ အရမ်း ပျော်နေတာပဲ"

"ဒီကို ဘယ်တော့မှ ပြန်မလာတော့ဘူးတဲ့"

ဝမ်းနည်းစိတ် ရောက်မလာခင်ဘဲ ကလေးကိုယ်လေးကို ယူငင် ပွေ့ဖက်ထားလိုက်သည်။
ဘာကြောင့်မှ မနာကျင်စေလိုတော့။
ဂျောင်ဟိုဆော့ရေ ကျေးဇူးပါ။
အဆင်ပြေပြေ ရှိနေပေးလို့။
ကလေးရဲ့ အပြစ်တင်စိတ်ကို လျှော့ချပေးလို့။

အပေါ်ထပ်ကို အရေးတကြီး တက်လာသည့် ဦးလေးဂျွန်း၏ ခြေလှမ်းများက အလောသုံးဆယ်။

"မင်ကလေးရေ
ဆေးရုံက အခုပဲ ဖုန်းဆက်တယ်
မျက်ကြည်လွှာ အလှူရှင် ရပြီတဲ့
ဒီနေ့ပဲ ခွဲစိတ်ရမယ်"

နောက်ဆုံးတော့ ဒီနေ့ဟာ ရောက်ရှိလာခဲ့ပါတယ်။
သူ့ မျက်ကြည်လွှာ ပုံစံသည် အခါခါ ဖြည့်ထားပြီူ ဖြစ်တာမို့ ကိုက်ညီမှုရှိတဲ့သူ ရောက်လာခဲ့တယ်တဲ့။
နောက်ဆုံးဆုတောင်းဟာ တစ်ခါလေးဖြစ်ဖြစ် Jimin ကို မြင်ချင်ခဲ့တာပါ။

ပါးဖောင်းဖောင်းလေးတွေကို တို့ထိချင်တာ။
ကြယ်ရောင်တောက်တောက် မျက်အိမ်ရှည်ရှည်လေးကို မျက်နှာချင်းဆိုင်ချင်တာ။

လက်ကို တင်းတင်း ဖျစ်ညှစ်လာတဲ့ လက်သေးသေးကလေးတွေ။
သူလည်း စိတ်လှုပ်ရှားနေတယ် ထင်ပါရဲ့။

"တစ်ရက်ပဲကြာတဲ့ ခွဲစိတ်မှုလေ
ကိုယ့် ကလေး အိမ်မှာပဲ နေခဲ့မလား"

"ဟင့်အင်း
Hyung နားမှာ ရှိချင်တယ်

Hyung လည်း ကျနော်နဲ့အတူဆို ပိုပြီး အဆင်ပြေမယ် မဟုတ်လားဟင်"

Blind(YoonMin)-CompletedWhere stories live. Discover now