"Jiminie ဘာဖြစ်သွားလဲ"
သူ့ပခုံးနှစ်ဖက်ကို မထိခိုက်မိအောင် ဆွဲယူထိန်းထားလိုက်လို့ တော်သေးတာပေါ့။
ဒါတောင် လန့်ပြီး လဲကျသွားသေးတယ်။
ဟိုတယ်ကနေ ကမ်းခြေကို အဆင်းမှာ အရှိန်နဲ့ဖြတ်မောင်းလာတဲ့ motorbike ကြောင့် ထိခိုက်မိတော့မလို့ သီသီကလေး။"ရတယ် Hyung, ကျနော် ဘာမှ မဖြစ်ပါဘူး"
ရင်ဘတ်ပေါ်ကို လက်ကလေးတင်ထားတဲ့ မျက်နှာလေးဟာ ထိတ်လန့်သွားတာ ညာလို့မရ။"ညနေမှ ပင်လယ်ဘက် ဆင်းကြမလား ငယ်လေး
အခန်းထဲမှာ ပြန်နားမလား""အဲ့လိုလုပ်လို့ရလား
ကျနော့်ကြောင့် အလကားသက်သက်""Hyung ဘဝမှာ Jiminie က အရေးအကြီးဆုံးလေ
သိတယ်မလားအားနာတဲ့ အပြုအမူမျိုး ကိုယ့်ကို မလုပ်ပါနဲ့"
"ကျေးဇူး Hyung"
ဒီ နူးညံ့မှုတွေကို သူ ယုံကြည်လိုက်တာ၊ အားကိုးလိုက်တာ။ စိတ်သက်တောင့်သက်သာ ဖြစ်ရတာ။
🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿
"မင်းကများ
မင်းကများ Jiminie ကို လဲကျစေတာလား""မင်းက
မင်းကလေ...""အစ်ကိုလေး တော်ပါတော့
သူလည်း အရမ်း ထိခိုက်နေပြီမဟုတ်လား"စိတ်ရှိလက်ရှိ ကိုယ်ထိလက်ရောက် ကျူးလွန်မိတဲ့ လက်သီးချက်တွေ။
သူ့ကိုထိရင် သူတော်စင်တစ်ပါးလို ဂျောင်ဟိုဆော့ဟာ သည်းခံနိုင်တယ်။
ပတ်ဂျီမင်းတော့ မဖြစ်ဘူး။ပတ်ဂျီမင်းနဲ့ ပတ်သက်ရင် သူအတ္တဟာ သိပ်ကြီးတယ်။ ဆံချည်မျှင်ကလေး တစ်ပင်ကအစ အထိအခိုက် မခံနိုင်ဘူး။
ပတ်ဂျီမင်းကို ပွန်းပဲ့အောင် လုပ်တဲ့သူက သူ့ရန်သူ။
ပတ်ဂျီမင်းနာတဲ့အနာထက် သူ့နှလုံးသားက နှစ်ဆမက နာတယ်။
ပတ်ဂျီမင်း ငိုရင် သူ့ကမ္ဘာက ပြိုတယ်။ပတ်ဂျီမင်း ပြုံးနိုင်ရင် သူပျော်တယ်။
သူ့တရားဟာ အမြဲ မျှတတယ်။
ပတ်ဂျီမင်းဟာ သူ့အဘိဓမ္မာပဲ။ဒီလိုအဖြစ်အပျက်တွေဟာ အခုမှ ဖြစ်တာတော့ မဟုတ်ဘူး။
ဟိုးအရင် သူ ဂျီမင်းကို စတွေ့ဖူးကတည်းကပဲ။
အကြိမ်ပေါင်းများစွာ မထိန်းသိမ်းနိုင်ခဲ့တဲ့ အမှား။
ဟင့်အင်း အချစ်ပါ။