"ပြန်အိပ်ဦးလေ"
"ကျနော့်ကြောင့် အစောကြီး နိုးနေတာလား"
"မဟုတ်ပါဘူး
ထပ် မအိပ်ဘူးလား"အိပ်ရာကအစ သေသေသပ်သပ်ဖြစ်အောင် သူ့ဖာသူ လုပ်နေပုံရတဲ့ ကြောင်ဖြူလေးဟာ ချစ်စရာလေး။
သူ့ကုတင်စွန်းမှာ တင်ပါးလွှဲဝင်ထိုင်ပြီး ခပ်ဖွာဖွာ ဆံပင်တွေကို အသာအယာဆွဲဖွနေမိတော့တယ်။
"အာရီးဂူး
ဒေါသအိုးက ဘယ်လိုတောင် လိမ္မာနေရတာလဲ""ကိုယ် နောက်ဆို Jimin စိတ်မညစ်အောင် လိမ်မာသွားတော့မှာ'
ချီးကျူးခံရလို့ ပျော်နေတဲ့ ကျောင်းသားလိုပဲ။
အချီးကျူး ပိုခံချင်လို့ ပြောပြနေတဲ့ ကလေးလိုပဲ။
ခင်ဗျားက အပြစ်ကင်းလိုက်တာနော်။ရင်ဘတ်ထဲက ပျို့တက်လာပြန်ပြီ။
"ဝေါ့ ဝေါ့"
သန့်စင်ခန်းထဲအထိ သူ့ကျောကို အသာအယာ ပွတ်ပေးနေတာ သူ့ကြင်သူပါပဲ။
ဝန်တွေ ပိုစေမိပါတယ်။
ဒါပေမယ့် ထွက်မပြေးချင်တော့ဘူး။"Jimin က လိမ္မာပါတယ်
ဆေးရုံသွားမယ် မဟုတ်လား""အင်း
ဆေး မသွင်းချင်ဘူး။ ဓာတ်မကင်ချင်ဘူး""ဟောဗျာ ဘယ်ကိုလာပြီး ဈေးဆစ်နေရတာလဲ"
"Hyung သဘောတူမှ သွားမှာ"
ဒီလို ချွဲစိန်၊ ဂျစ်စိန်လေး လုပ်နေရတာကို ပျော်နေပုံ ရပါတယ်။
ဒီနေ့ ရှိနေသေးတာကိုက ကျေးဇူးတင်စရာကောင်းနေပြီလေ။
မနက်ဖြန်၊ မနက်ဖြန်တွေ ရှိနေဦးမယ်ဆို ပို၍ ပို၍ ပေါ့။
နှစ်ယောက်အတူသာဆို ဒီအခြေအနေကိုလည်း ပျော်နိုင်ပါတယ်။မှတ်ဉာဏ်ဟာ ဘယ်အတိုင်းအတာထိလဲ သူ ဘယ်သိနိုင်မလဲ။
မနက်က စားခဲ့တဲ့ အစားအသောက်ကနေ
မနေ့က ဘာရောင်ဝတ်တယ်အထိ လွယ်လွယ် မေ့တတ်နေပြီ။တော်သေးတာပေါ့။ ခင်ဗျားကို မမေ့လို့။
🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋
"ဆေးတော့ ပုံမှန်သောက်ရမယ်နော်"
"Hyung က သတိပေးပေါ့
ဒီကမေ့တတ်နေပြီ"