Part(3)

1.2K 156 23
                                    

" တကယ်လို့ မင်းဘဝတစ်လျှောက်လုံးကို အစကနေအဆုံးထိ
 
ကြိုသိခွင့်ရမယ်ဆိုရင် ကြုံရမယ့်အရာတွေကို
ပြောင်းလဲပစ်လိုက်မှာလား "

" If you could see your whole life from start to
   finish, would you change things? "

Arrival ရုပ်ရှင်မှ စာသားတစ်ခုပေါ့။

ဘဝမှာ ပြောင်းလဲပစ်ချင်တဲ့အရာတွေ အများကြီး။

လွန်ခဲ့တဲ့ ခုနစ်နှစ်။
လွန်ခဲ့တဲ့ ခုနစ်နှစ်။

🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠🌠

အိပ်ရာကနေ နည်းနည်းစောနိုးတော့ ပတ်ဝန်းကျင်က အသံအုပ်အုပ်လေးကို ကြားရတယ်။ ဟိုကောင်လေး အသံပဲပေါ့။ နိုးမှာ စိုးရိမ်လို့ ထင်ပါရဲ့လေ။

"ပစ္စည်းတွေအားလုံး လျှောက်လမ်းမှာ ရှိနေလို့ မဖြစ်ဘူးနော်။"

သူ ဘာတွေ လုပ်နေပြန်ပြီလဲ။

"ဘာတွေ လုပ်နေတာလဲ"

"ဟို ဟို နေရာ နည်းနည်း ရွှေ့နေတာ

"မျက်နှာသစ်ဖို့ ရေနွေးစပ်ပေးမယ်နော်"

တကယ်တော့လည်း မျက်စိမမြင်တော့တာနဲ့ အရာအားလုံး မလုပ်နိုင်တော့တာ မဟုတ်ပါဘူး။ အလိုမကျမှုတွေ၊ ရှုပ်ထွေးမှုတွေနဲ့ အရေးပေါ်ကလွဲရင် အိမ်ထဲက အိမ်အပြင်တောင် မထွက်ဖြစ်တာမို့ ဘာကိုမှ ကျင့်သားမရနေတာ ဖြစ်မယ်။

ဒီ ခုနစ်နှစ်မှာ သူ့အလုပ်ဟာ အလုပ်သမားတွေ စိတ်တိုင်းမကျသမျှ မောင်းထုတ်ဖို့ပဲ ရှိတာပဲ‌ေလ။

ဒီကောင်လေးက ထူးခြားတယ်။
မနေ့ကပဲ သူ့အတွက် အချိန်ဇယားကို ခပ်တည်တည် လာပြောပြသွားတာ။
မကြောက်မလန့် ဘယ်လို ယုံကြည်ချက်မျိုးနဲ့များ သူ့အတွက်အချိန်ဇယား လာဆွဲနေရလဲ မပြောတတ်ဘူး။

အိမ်ရဲ့ ဘယ်နေရာမှာမဆို သွားလာနိုင်အောင် လေ့ကျင့်ရမယ်တဲ့။

ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အစီအစဉ်တွေကလည်း များလိုက်တာ။

လမ်းလျှောက်ဖို့၊ ကိုယ်လက်လှုပ်ရှားလုပ်ဖို့၊ အပန်းဖြေဖို့၊ အကြာကြီး မထိုင်ဖို့

Blind(YoonMin)-CompletedWhere stories live. Discover now