မသက်ဆိုင်သူတစ်ယောက်ပေမယ့် ကြားရတဲ့စကားတွေဟာ နားထောင်လို့ မကောင်း။ သူ ခိုးနားထောင်တာ မဟုတ်ဘဲ ပြန်လာလာချင်း ကြားရတဲ့ စကားတွေပါပဲ။
"Company ကို တစ်ချက်တောင် မျက်နှာ လာမပြတဲ့သူက Director အဖြစ် ငါးနှစ်လောက်နေလာတာ တော်လောက်ပြီ မဟုတ်ဘူးလား"
"အဲ့ဒီတော့ရော"
"အန်တီလေးက ဘယ်လိုသဘောမှ မဟုတ်ပေမယ့်
ရှယ်ယာရှင်တွေက လက်မခံနိုင်တော့ ဘူး""ခေတ်က လွန်ခဲ့တဲ့ ခုနစ်မှာ အမြဲ ကျန်မနေဘူးလေ
Company ရဲ့ ဒါရိုက်တာ တစ်ယောက် ရုံးတက်တာကို သူတို့လည်း မြင်ချင်မှာပဲ""လိုရင်းကိုသာ ပြောပါ"
"ယွန်းဂီသာ company ကို မလာနိုင်ဘူးဆိုရင် နောက် တစ်လနေရင် ရှယ်ယာရှင် အစည်းအဝေး ခေါ်ရလိမ့်မယ်
အန်တီလေး သဘောမဟုတ်ဘူးနော်။
ရှယ်ယာရှင်တွေ သဘောထားပါ""ယွန်းဂီ
ကျနော်က ခင်ဗျားရဲ့ အထက်လူကြီးပဲ။
ဒီ့ထက်ပိုပြီး ယဉ်ယဉ်ကျေးကျေး မသုံးနှုန်းသင့်ဘူးလား""တောင်းပန်ပါတယ် ဒါရိုက်တာကြီး
မျက်စိအခြေအနေကရော
Company တစ်ခုလုံးကို တာဝန်ယူထားရတဲ့ ဝန်ထမ်းတစ်ယောက်အနေနဲ့ သတင်းမေးတာပါ""အခုတော့ အကောင်းကြီးပဲ
မျက်စိမမြင်ရတော့ စိတ်တိုလွယ်တယ်လေ။
အခြေအနေတွေ ဆိုးမလာခင် မကြိုဆိုတဲ့ ဧည့်သည်ကို ပြန်ပို့လိုက်ပါ ဦးလေးဂျွန်းနောက်လည်း ကျနော်မဖိတ်ခေါ်တဲ့ ဧည့်သည်တွေ အိမ်ရိပ်တောင် မနင်းစေနဲ့"
တင်းမာနေတဲ့ အနေအထားတစ်ခုမှာ လေးလက်မ ဒေါက်အချွန်ကို အသံမြည်အောင် ဘောက်ဆတ်၊ ဘောက်ဆတ်နဲ့ လမ်းလျှောက်သွားတဲ့ အမျိုးသမီးဟာ မသတီစရာ။ နှုတ်ခမ်းနီ အရောင်တောက်တောက်နဲ့ တန်ဖိုးမြင့်အဝတ်အစားတွေမှန်း ကြည့်လိုက်တာနဲ့ သိသာစေတဲ့ ဝတ်စားဆင်ယင်မှု။ သူ့မျက်လုံးတွေကတော့ ဒေါသ၊ လောဘနဲ့ ကြည်လင်မှုမရှိ လောင်မြိုက်နေသလို။
"ခွမ်း...ခလွမ်း....ခွမ်း"
တန်ဖိုးကြီး ကြွေထည်ပန်းအိုးတွေဟာ ကြမ်းပြင်မှာ မွစာကျဲလို့။ သခင်လေးဆိုတဲ့ ဒီလူဟာ ဒီအိမ်ရဲ့ ဘယ်ပစ္စည်းက ဘယ်လို ဖျက်ဆီးလို့ရမှန်းတော့ အတိအကျ သိနေတာပါပဲ။