ပါးဖောင်းဖောင်းလေးကို တို့ထိရတဲ့ မနက်ခင်းဟာ နိဗ္ဗာန်ပါပဲ။ ကြောက်အားလန့်အားနဲ့ သူ့ကျောပြင်ကို ကုတ်ကွယ်ထားပုံကို သူ သဘောကျတယ်။ ဒီကောင်လေး သူ့ကိုလိုအပ်နေတယ်၊ ဒီကောင်လေး သူ့ကို အားကိုးယုံကြည်တယ်ဆိုတဲ့အတွေးနဲ့တင် သူ နေလို့ရတာပါပဲ။
ဒီကောင်လေးနဲ့ အတူရှိတယ်ဆိုတဲ့စိတ်ကပဲ စိတ်လှုပ်ရှားစေတာပါပဲ။ အချစ်ခံရတယ်ထက် ချစ်နေရတာကို ပိုသဘောကျတာမို့။နိုးသွားမှာစိုးလို့ အသာအယာ ထရတယ်။
နဖူးပေါ် ဝဲကျနေတဲ့ ဆံပင်တွေကို ဖြေးဖြေးကလေး သပ်တင်ပေးရတယ်။
ခြောက်သွေ့စပြုနေတဲ့မျက်ရည်တွေကို လက်ကလေးနဲ့ အသာတို့ထိတယ်။
အိပ်မက်တွေမှာထိ ဘယ်နှကြိမ်၊ ဘယ်နှခါ ငိုခဲ့ပြီးပြီလဲ။
ဂျီမင်းရဲ့ နာကျင်မှုဟာ သူ့နာကျင်မှုပါပဲ။
ဒီလိုမျိုး သူ့ကို ချစ်ခဲ့တာ။မြင်မြင်ချင်း အချစ်ကို ယုံလား။
ဒီတစ်ယောက်အတွက် အသက်ရှင်ချင်တာ။
ပျော်စေချင်တာ၊ မထိခိုက်အောင် ကာကွယ်ပေးထားချင်တာ၊ သူလိုအပ်သမျှ ဖြည့်ဆည်းချင်တာ။ဒီ အလှအပလေး။
ဒီ အသည်းအသက်ကလေးရဲ့ မွန်းကျပ်မှုတွေ ပြေလျော့စေချင်လိုက်တာ။
သူ ဘယ်လောက်ထိ ပျော်အောင်ထားထား မပျော်စရာတွေထဲ တိုးဝင်နေတော့လည်း ချစ်တဲ့စိတ်အရ ဖြည့်ဆည်းချင်ခဲ့တာပါပဲ။🍍🍍🍍🍍🍍🍍🍍🍍🍍🍍🍍🍍🍍🍍🍍🍍
လွန်ခဲ့တဲ့ ခုနစ်နှစ်ကစပြီး သူ့ဘဝဟာ အပြစ်သား။
သူ့ဘဝဟာ အကျဉ်းကျသူလို။
ဒီနေထိုင်မှုစနစ်ကို သူပဲ ရွေးချယ်ခဲ့တာပါပဲ။အကြိမ်ကြိမ်ကြိုးစားဖူးတဲ့ အထပ်မြင့်တိုက်၊ ဆိုင်ရာနိုက်စ်၊ sucide Dose၊ လျှပ်စစ်စီးတဲ့ နန်းကြိုးမျှင်၊ တံတားပေါ်က လွတ်လပ်မှု။
ဘယ်ဟာကမှ အလုပ်မဖြစ်ခဲ့ဘူး။
မသေရဲသ၍ ဒါဟာ ငရဲပါပဲ။အကြိမ်ကြိမ် စိတ်ဓာတ်ကျခဲ့။
ညှိုးလျော်မှိုင်းပျခဲ့သမျှထဲမှာတော့ ဟိုဆော့ဟျောင်းဟာ သူ့ဘဝအတွက် အကောင်းဆုံးပါပဲ။ အချစ်သေ၊ စိတ်သေနေတဲ့သူတစ်ယောက်ကို တောက်ပအောင် အရောင်တင်တယ်။ နွေးထွေးနူးညံ့ပေးခဲ့တယ်။ ပြန်တွေးကြည့်တိုင်း ကြည်နူးစရာ အခိုက်အတန့်တွေပါပဲ။