ကြားလိုက်ရတဲ့ စကားတစ်စွန်းတစကြောင့်

အလိုလို ရပ်တန့်သွားသည်။

"အခု company ရော entertainmentရော hyung လက်အောက်မှာပဲလေ "

အိုးမိုင် မိုင် ...
ဒါက ဒရာမာ တွေထဲမှာပါနေကျ

အကြီးနဲ့ အငယ် အမွေဆက်ခံခွင့် အတွက်

တိုက်ခိုက်နေကြတာများလား

ငါတော့ သေပြီ

ဘယ်လောက်မှမကြားလိုက်သေးတာ

တစ်ကယ့် တစ်ကယ်တစ်ကယ်ကြီးပါ လို့

အခုပြောရင် အလုပ်ထုတ် နှုတ်ပိတ်ခံရမယ့်အဖြစ်ကို

ရှောင်လို့ ရနိုင်အုံးမလား ။

ဒီလူငယ်လေးက အခုမှ

အလုပ်ဝင်တာ သုံးလတောင်မပြည့်သေးတဲ့

အတွင်းရေးမှုးငယ်လေး ပါ

သူ.အလုပ်မထွက်ချင်သေးဘူး ဗြဲ (╥_╥)



ဒါပေမဲ့ လည်း လက်ကဖွင့်ပြီးတဲ့ တံခါးကို

ပြန်ပိတ်လို့ မရတာကြောင့်

အသက်ကို ဖက်နဲ့ထုပ်ပြီးတော့ သူဝင်သွားလိုက်ပါသည်။

ကံကောင်းစွာပဲ

နှစ်ယောက်လုံးက စကားစရပ်ထားသည်ကလွဲ၍

သူဝင်လာသည်ကို ဘာမှမပြောသောကြောင့်

မြန်မြန် ကော်ဖီချပြီး ပြန်ထွက်လာခဲ့သည်။


အတွင်းရေးမှုးငယ်လေး မသိလိုက်သည်က

ညီအစ်ကို နှစ်ယောက်သည်

အမွေလုသည့် ဒရာမာ ရိုက်နေခြင်းတော့မဟုတ်ပေ။


"အကုန်အဆင်ပြေနေတာပဲကို ဘာလို့လဲ"

"ဟင့်အင်း မပြေဘူး ငါ ကုမ္ပဏီ နဲ့ကို တော်တော်အလုပ်များနေတာ "

"မလုပ်ချင်ဘူး အကိုက သားကြီးပဲလေ ဒီအလုပ်တွေအကုန် အကိုတာဝန်ယူရမှာပဲလေ "

"ဒါပေမဲ့ မင်းကရော ငါတို့မိသားစုရဲ့ သားပဲလေ နည်းနည်းလောက်ဒီအကိုကြီးကို ကူပေးလို့မရဘူးလား"

Hey! Mr.Rapper, I'm your Anti-fan [YM]Where stories live. Discover now