မြန်မာဆန်ဆန် နေတတ်အောင် နေတတ်
ခဲ့မိတဲ့ အသွေးတောင် အရိုင်းဆန်တဲ့
ကောင်မလေးသဖွယ်တောင် ပေါက်လို့။

        ထိုညတော့ အခန်းတွင်းမီးရောင်က
မမှိတ်သွားလေခဲ့……။

     တစ်ချိန်အရောက် ရောက်နေလေသော
နေရာတစ်ခု။

  ဦးညှို့နက် အပြေးလိုက်နေပေမယ့်
မိုးလောက်မြင့်မားတဲ့ လူဘီလူးကြီးတွေ
ခြံရံကာ သွားနေလေသည့် သွေး။

       အနောက်ကို တစ်ချက်လှည့်ကြည့်ကာ
ထွက်သွားလေတော့ ဦးညှို့နက် နုန်းချိနေ
လေပြီ ဖြစ်သော ခြေထောက်ကို အပြစ်တင်
ပြောဆိုလို့သာ ကျန်ခဲ့လေသည်။

"ဟင့် ဟင့်အင်း သွေး သွေးရေ
ဦးကို မထားခဲ့နဲ့လေကွယ် သွေး……"

    နှလုံးသားပေါက်လုမတက် ရင်နာနာနဲ့
အော်လေသည့်တိုင်အောင် သွေးတစ်ယောက်
ကျောခိုင်းလို့ ထွက်သွားနေဆဲသာ။

    မမီလေတော့……။

  သွေး သူ့ကို ထားသွားခဲ့လေပြီ။

        "ဟင်း……"

    သက်ပြင်းချသံ။
နံနက်ခင်းမှာတင်
အလိုမကျထွက်ပေါ်လာသော
အသံ။

   " ဟင် သွေး သွေး သွေးရေ "

   အိပ်ရာထက် အသာအယာ မျက်လုံးဖွင့်ပြီး
နောက် နံဘေး အိပ်ရာထက်တွင် သွေး မရှိ
လေတော့ ဦးညှို့နက် အောက်ပိုင်း ဗလာကျင်း
နဲ့ အခန်းပြင် ထွက်ဖို့ ပြင်နေလေသည်။

" ကျွီ……"

"ဟယ် ဦး ဘယ်လဲ"
"သွေးရယ်"

  တံခါးလက်ကိုင်ကို ကိုင်နေဆဲ သွေး တံခါး
ဖွင့် ဝင်လာလေတော့ ဦးညှို့နက် စိတ်လက်
ပြေလျော့ကာ ချစ်ရသူကို ပွေ့ဖက် ထားမိလေ
တော့သည်။

"အို ဦးကလည်း ဘာမှလဲ မဝတ်ထားသေးပါ့လား
ဖယ်ပါတော့ သွေး ဦးကို ရေချိုးပေးမယ် လာ"

   အသွေး ဆရာမလေးလို ဆူပူပူဟန်လေး
နဲ့ ပြောနေလေတော့ စာမရတဲ့ ကျောင်းသား
လေးလို ဦးခမြာ သနားစဖွယ်လေးလုပ်၍ ငေးစိုက်
ကြည့်နေလေသည်။ ဖြန့်ချထားတဲ့ အသွေး
ဆံနွယ်စတို့ကို ထိုးဖွကိုင်ကာ ပါးကလေးနဲ့
ထိကပ်အပ်ထားလေသည်။

Love + Love [Normal Fiction]Where stories live. Discover now