တစ်ဖက်က : [ဒါဆိုလည်း အခုလာခဲ့လိုက်]

နည်းနည်းမှ မကန့်ကွက်ပါပဲ ကျန့်ယောင်လည်း စားပွဲပေါ်က ဆိုင်ကယ်သော့ကို ယူကာ ကောက်ထွက်လာခဲ့တယ်။ ဧည့်ခန်းထဲ ဖြတ်အလျှောက် ၀မ်ရှောင်ရို့နဲ့ဆုံတော့ သူမက တံခါး၀ထိလိုက်လာတယ်။
''ကောကော, ထပ်ပြီး အပြင်သွားဦးမလို့လား?"

''အင်း ကောကောသူငယ်ချင်းဆီ သွားမလို့"

ကိုလာအအေးကို စုပ်သောက်ရင်း ၀မ်ရှောင်ရို့က
''ဘယ်သူငယ်ချင်းလဲ? အရင်ရက်ကတောင် ကျောက်ချန်ကောကောက ‌ကောကော သူ့ဆီမလာတာ ကြာလို့တဲ့ အချစ်သစ်တွေ့နေတာလို့ ပြောသေးတယ်"

ကျန့်ယောင်မှာ ခြေလှမ်းတောင် တုံ့သွားတယ်။
''ဘယ်ကအချစ်သစ်ကမှာလဲ၊ မဟုတ်ကဟုတ်က သူ့ပြောတာတွေ နားမထောင်နဲ့၊ ခုဟာက First Highက အတန်းဖော်တစ်ယောက်ဆီပါ"

နောက်နှစ်ဆိုရင်တောင် ၀မ်ရှောင်ရို့လေး ဂျူနီယာအထက်တန်း ပထမနှစ်ရောက်ပြီ။ သူမလေးက ဗဟုသုတနည်းသေးတယ်ဆိုပေမယ့် ဘုမသိဘမသိတော့ မဟုတ်။ သူမက သူမရဲ့မျက်၀န်းဝိုင်းဝိုင်းကြီးတွေကို တဖျတ်ဖျတ်ခတ်ကာ :
''ကောကော, ကောကော ငယ်ငယ်ရွယ်ရွယ်နဲ့ ရည်းစားထားနေတာလား?"

အလန်တကြားနဲ့ ထခုန်ရင်း ကျန့်ယောင် သူမပါးစပ်ကို အမြန်အုပ်လိုက်တယ်။ ဧည့်ခန်းထဲက အသံတွေကို အာရုံစိုက်နားထောင်ကြည့်ပြီးမှ လေသံတိုးတိုးနဲ့ ပြောတယ်။
''ဒီမှာ ကောကောက အရွယ်ရောက်နေပြီ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ထားတာလို့ မခေါ်တော့ဘူး၊ ဖြူစင်မွန်မြတ်တဲ့ အချစ်လို့ခေါ်တယ်"

၀မ်ရှောင်ရို့က နားလည်သလို ခေါင်းငြိမ့်ပြပြီး သူမပါးစပ်ကို လွှတ်ပေးလိုက်သည့်တပြိုင်နက် :
''အာ့ဆို ဘာလို့ ပါပါးကြားမှာ ကြောက်နေတာလဲ?"

''....အဲ့ဒါက ရှင်းပြဖို့ခက်တယ်၊ ဘာပဲဖြစ်ဖြစ်ပါ ရှောင်ရို့က ကောကောကို ကူပြီးလျှို့ဝှက်ထားပေးနော် ဟုတ်ပြီလား?"

ဒီလောက်အချိန်ကြာတာတောင် သူရည်းစားမရသေးဘူးဆိုတာ သူ့ပါပါးသိသွားလို့ကတော့ အသေခနဲ့ပြီး အနှိမ်စကားတွေနဲ့ အထုထောင်းခံရတော့မှာ။

Pay Attention To Me [Myanmar Translation]Where stories live. Discover now