" ဒီလိုပါ ဒီလူ ဦးညှို့နက်ဆိုသူကလေ
ယဉ်ယဉ်လေး ရူးနေသူပါ"
"ထင်သားပဲ"
"သူက ကလောင်တစ်ခုနဲ့ နိုင်ငံတကာ
အထိ ပေါက်နေတဲ့ ဝတၳုတွေ ရေးနေတဲ့
စာရေးဆရာလေ "

"အော် "

"အင်း ဒီတော့ စာရေးဆရာဆိုတော့
အတွေးနက်တာရဲ့ အလွန် ရောက်သွား
တယ် ထင်တယ်ဗျ၊ ဟူး ကျေးဇူးရှင်
အကြောင်း မကောင်းပြောတယ်တော့
မထင်ပါနဲ့ဗျ"

"ရှင့်ကို သူက မွေးစားခဲ့တာလား ဟင်"
"ဆိုပါတော့ဗျာ နိုင်ငံခြားမှာ ပညာတော်သင်
သွားတုန်းက ဒုက္ခရောက်နေတဲ့ ကျွန်တော်
ရဲ့ ကယ်တင်ရှင်ပေါ့"

"သူက ထောက်ပံ့ခဲ့တာပေါ့"
"ဆိုပါတော့ စကားဆက်ပါရစေဗျာ
ဒီလိုဆိုတော့ ဦးညှို့နက်ကို ကျွန်တော်
ဖခင်တစ်ယောက်လို ချစ်ခင်ရိုသေ လေးစား
ခဲ့မိတော့တယ် ဒါပေမယ့်ဗျာ တစ်နေ့
ဝတၳုတစ်ပုဒ် ရေးတာကစလို့ ဦးညှို့နက်
စိတ်ဖောက်လာခဲ့တယ်"

"ဟင်"
"မရွိတာကို ရွိသလို မြင်လာခဲ့တယ်
သူရေးနေတဲ့ ဝတၳုဇာတ်ကောင်ကြောင့်
ကျွန်တော့်ကို လိုလေသေးမရှိ ထောက်ပံ့
ခဲ့မှန်းလည်း သိခဲ့ရတယ်"

"ရှင် ဒါဆို"
"အခု အစ္မကိုပါ သူဝတၳုထဲက ချစ်ရတဲ့
မိန်းကလေးလို ချစ်ခင်သွားပါလိမ့်မယ်ဗျ"

"အို ဘုရား"
"ဒါကြောင့် အသိလာပေးကြည့်တာပါ
ကျွန်တော်တော့ စိတ်တွေ မွန်းကြပ်လာလို့
စာရေးဆရာအရူးကြီးနားက ထွက်သွားတော့မယ်
ဒါပေမယ့် ကျွန်တော်လို ချောင်ပိတ် အကြပ်တွေ့
မယ့် လူတစ်ယောက် ရောက်လာတော့ စာနာသနား
လို့ အခုလို ဖွင့်ပြောပြတာပါ"

"ဟို မသွားပါနဲ့ဦး ဒေါက်တာ အေသြး
မေးပါရစေ"
"ခင်ဗျာ ဟုတ် မေးပါ အချိန်ရပါသေးတယ်
အခုချိန် ဒယ်ဒီဦးညှို့နက် အိပ်ချိန်လေ"

"အသွေးကလည်း အခု ဦး ရေးနေတဲ့
ဇာတ်ကောင်ကြောင့် ဒီအိမ်ပေါ်ရောက်လာ
ခဲ့ရတာပေါ့နော်"

"အင်း"
"သူ အစ္မကို သတ်မှာလား ဟင်"
"ရူးလုလု စိတ်အခြေအနေနဲ့ဆိုတော့
ဒီကေန မြန်မြန်သာ ထြက္သြားပါ အစ္မ"

"အော် ဟုတ်ပြီ"

  အေသြး မပြောလိုတော့.။
ဒေါက်တာကို ခေါင်းလေးဆတ်
ပြလို့ သွားခွင့်ပြုလိုက်မိတော့
သည်။ ထို့နောက် ဖြစ်တည်လာ
လေတဲ့ စာရေးဆရာအရူးကြီးကို
သနားစိတ္ကေလး ပိုလာမိသည်။

Love + Love [Normal Fiction]Where stories live. Discover now