Volume III- Chapter (52) - မင်းက Tang Feng လား။

Почніть із самого початку
                                    

သူတို့အတွက် လုပ်ပေးပေးဖို့ ဖြစ်နိုင်ခြေအရှိဆုံး အခြေအနေကတော့ နိုင်ငံတကာ ပြစ်တင်ရှုံ့ချခြင်း၊ သံတမန်ရေးရာ ညှိနှိုင်းဆွေးနွေးခြင်းနှင့် အကျပ် ကိုင်ခြင်းတို့ ဖြစ်သည်။ စေ့စပ်ညှိနှိုင်းမှု အောင်မြင်ရင် သူတို့ အားလုံးအသက်ရှင်ချက် လွတ်မြောက်နိုင် ကြမယ်။ အဲဒါက မအောင်မြင်ဘူးဆိုရင် သူတို့ရဲ့ ကံဆိုးမှုနဲ့ အတူ ဒီစစ်သွေးကြွတွေရဲ့ အပြစ်ပေး သတ်ဖြတ်ခြင်းကို ခံရလိမ့်မယ်။

နောက်ပြီးတော့ သူတို့ အစိုးရကလည်း အခု သူတို့ ပြန်ပေးဆွဲခံရတာကို သိသလား၊ မသိဘူးဆိုတာ Tang Feng တို့လည်း မသိနိုင်ကြဘူး။ ဒါမှမဟုတ် သူတို့က သိလျက်နဲ့ ဘာမှ မသိဟန်ဆောင်နေမယ်။ ပြီးရင် Tang Feng တို့ရဲ့ Company က လူတွေ အပါအဝင် လူအကုန်လုံးက သူတိုက ရိုက်ကူးရေးအဖွဲ့ တောင်အာရှတွင် ပုံမှန်ဖြစ်နေဆဲဟု ထင်ကောင်းထင်နိုင်သည်။

ရိုက်ကူးရေး အဖွဲ့ဝင်အားလုံး အပြင်မှဖြစ်သမျှ ဘာမှ မသိပဲ သတင်းတွေ ပိတ်ဆို့ခံထားတာ မဆန်းပါဘူး။

သူတို့ ဂူထဲမှာ ပိတ်မိနေပြီး အပြင်မှာ မိုးလင်းမလား ဒါမှမဟုတ် မှောင်နေသေးတာလားပင် မသိနိုင်ပေ။

ဆောင်းရာသီဖြစ်လို့ အလင်းရောင် သိပ်မဝင်ပဲ နေ့လား၊ ညလား မသိပေမယ့် Tang Feng နိုးပြီး သိပ်မကြာခင်မှာပဲ ဂူရဲ့ သံတံခါးကြီး ပွင့်သွားခဲ့တယ်။

စစ်သွေးကြွ အများအပြား ဝင်လာပြီး ရယ်မောနေကြပြီး သူတို့၏ မျက်လုံးများက အာသာငမ်းငမ်းဖြင့် ရိုက်ကူးရေးအဖွဲ့ထဲက မိန်းကလေးများကို အဆက်မပြတ် ကြည့်နေကြသည်။

Tang Feng က ကိုယ်ကို လှည့်လိုက်ပြီး ရှောင်ယုကို သူ့နောက်မှာထားလိုက်တယ်။ တိုက်တိုက်ဆိုင်ဆိုင် သရုပ် ဆောင်တွင် အမျိုးသား အများအပြားကလည်း မိန်းကလေးများကို အကာအ ကွယ်ပြု ပေးခဲ့ကြသည်။ ဒီလုပ်ရပ်သည် စစ်သွေးကြွအများအပြားကို ဒေါသထွက်ပြီး သူတို့အား ဒေသခံ ဘာသာစကားဖြင့် ကျယ်လောင်စွာပြောနေကြသည်။

တစ်ချိန်တည်းမှာပင် လူမဆန်သော စစ်သွေးကြွထဲက ယောက်ျားလေးများသည် လူဖြူမိန်းကလေးအချို့ကို ဖမ်းရန် ပြေးလာကြသည်။ ကောင်မလေးတွေ တယောက်ပြီး တယောက် အော်ဟစ်ကြပြီး ဒီလို ကြောက်စရာကောင်းတဲ့ အဖြစ်မျိုး တစ်ခါမှ မကြုံဖူးတော့ ငိုကြတယ်။

(V 3+V4) ကောင်းကင်ယံထက်က ငွေကြယ်ပွင့် ( MM translation)Where stories live. Discover now