" အို……"

    သူမ အဆိုကို အာရုံစိုက်လို့ ဆိုနေစဉ်
ချထားသော မျက်လွှာကလေးကြောင့်
ပါးကလေးထက် လူတစ်ယောက်၏ အနမ်း
ကို ခံလိုက်ရလေသည်။

    "ဟင်း……"

  အသွေး ဘာဖြစ်တယ်မသိ။ ဟုတ်တယ်
သူမ သိသလောက် မှတ်မိသလောက်က
တော့ သူမနာမည်က အသွေး။

   အသွေး ဘာရယ်မသိ။ အသားကို လာထိ
စော်ကား နမ်းတဲ့သူကို မျက်စလှန် မော့
ကြည့်တော့ မျက်စောင်းရွယ်မိဖို့ နေနေသာသာ
ချောခန့်ညားတဲ့ ထိုလူကြီးအကြည့်က ရင်ဝ
ကို ဒုန်းခနဲ့ ဆောင့်တိုက်လာသလိုမို့ ……

     " ငြိုငြင်ချင်တာလားကွ ချစ်စရာကောင်းလို့
နမ်းတာပဲကွာ ဘာဖြစ်လဲ၊ ပြီးရင် အေးအေးဆေး
ဆေး စကားပြောမယ်နော် love u" တဲ့လေ။

   နှုတ်ခမ်းမွှေး ခပ်ထူထူပိန်းကလေးနဲ့
ဆီမွှေးအိနေ လက်နေအောင် လိမ်းထား
တဲ့ ကေဒီဇိုင်းအလွင့်နဲ့ ဦးလူ ခန့်ချော။

   အသွေး သီချင်းတွေတောင် အပြီးသတ်
မှားဆိုမိကုန်တဲ့အထိ ထိုလူက ဖမ်းစား
နိုင်လွန်းသည်။ အသွေး ဆိုလို့မပြီးခင် လူကို
စိုက်ကြည့်နေမှန်း သိသာနေတော့ တဒုတ်ဒုတ်
ခုန်လာတဲ့ ရင်ခုန်သံတွေက စည်းချက်တီးလုံး
သံတွေ ထက်ပင် ပိုကျယ်ချင် ပိုကျယ်နေပေလိမ့်မယ်။

    ဆိုလို့ပြီးတော့ ဆိုင်က အဆိုတော်မလေး
တွေရဲ့ မျက်စောင်းရွယ် ခံရပေမယ့် ဆုချငွေ
ကို အသွေး မတပ်မက်။

   တအောင့်နေ လာခေါ်သော စားပွဲထိုး
ကောင်လေး လာအခေါ်ရာ နောက်သာ
ရင်ခုန်ပျော်မွေ့စွာ လိုက်လာခဲ့မိလေသည်။

  ထိုလူချော ရှိရာ။

  " ထိုင်ပါ ၊ အန်ကယ် ဒီဘက် တိုးပေးမယ် "
"ဟုတ်ကဲ့ ကျေးဇူးပါ အန်ကယ်"

   အသွေး ထိုင်မိတော့ ကိုယ့်ကိုယ်ကိုတောင်
အံ့အားသင့်မိသည်။ ယောကျာ်းသားတွေကို
ကြောက်လွန်းလို့ အနားအကပ်မခံခဲ့တဲ့
သူမက အခုတော့ လူခန့်ချော၊ အန်ကယ်အရွယ်
လူတစ်ယောက်အနား ထိုင်နေမိလေပြီ။

  ဘယ်လိုစိတ်ကြောင့် မသိပေမယ့် ကြယ်သီး
သုံးလုံးအထိ ဖြုတ်ထားတဲ့ ထို ခပ်မိုက်မိုက်
အန်ကယ် လူချော ရင်ဘတ်ကြီးက အသည်း
ယားစရာ။

  သိမ်မွေ့ပါတယ်ဆိုတဲ့ အိနြေ္ဒကြီးသော
အသွေး ထိုလူနဲ့တွေ့မှ ဘယ်လိုတွေ
ထိန်းမရ သိမ်းမရ ဖြစ်နေတော့တယ် မသိ။

" အန်ကယ် မင်းကို ဝါးမစားပါဘူး
အဲ့လောက်လည်း လူကို ပြူးပြဲ
ကြည့်မနေပါနဲ့"
"အို ဟုတ် အဟင်း"

  အသွေး နဖူးကုပ် ခေါင်းကုပ်ကလေး
လုပ်နေမိလို့ သူလည်း ကိုယ့်ကို စိုက်
ကြည့် ကိုယ်လည်း သူ့ကို ငမ်းကြည့်နဲ့
တူနှစ်ကိုယ်ကြား စကားသံတွေ မဲ့နေ
လေရဲ့။

" ရော့……"
"ရှင်"
"အန်ကယ့် လိပ်စာကဒ်ပါ"
"အော် ဟုတ်ကဲ့"

  အသွေး ထိုလူပေးလာသော
လိပ်စာကဒ်ကလေးကို ယူကာ
ကြည့်လိုက်တော့ မြင်လိုက်ရ
တဲ့ နာမည်က……

    ' ဦးညှို့နက် 'တဲ့။
"မင်း အဆင်ပြေရင် အန်ကယ် ကုမ္ပဏီနဲ့
စာချုပ် ချုပ်ပါ့လား အန်ကယ် မင်းရဲ့အသံကို
သိပ် သဘောကျ နှစ်ခြိုက်လို့"

"ရှင် မဟုတ်တာ အသွေးက
ဝမ်းရေးအတွက် ဆိုရုံသပ်သပ်ပါ"

"မင်းကို အကောင်းဆုံး ပံ့ပိုးပေးမှာပါ
မိန်းကလေး၊ အန်ကယ်က လူကောင်းပါ"

"ဒါကတော့ ဟို"
"မလောပါနဲ့ကွ ရပါတယ်၊ အချိန်ကြိုက်
သလောက်ယူပြီး စဉ်းစားပါ ကိုင်း…ခွင့်ပြု
အန်ကယ် သွားတော့မယ်"တဲ့။

အသွေး ရင်ဘတ်ကြီးထဲ ဘာလို့များ
ဟာတာတာကြီး ကျန်နေခဲ့တယ် မသိ။

ပို၍ ဆိုးသေးတာက ထိုတစ်ညပြီး
နောက်ညတွေမှာ ထိုလူ ပေါ်မလာ
လေတော့……။

  ဦးညှို့နက်……

  နာမည်က ဦးညှို့နက်……
သူဋ္ဌေးကြီး တစ်ယောက်……။
အချစ်တွေ လွင့်မြောနေတဲ့ မျက်ဝန်းအိမ်
တွေနဲ့ ဦး။ ဦးညှို့နက်။

အပိုင်း ၂၀မျှော်
blackclock|8:29pm - Nov12 2021 Fri

Love + Love [Normal Fiction]Where stories live. Discover now