အဲ့နောက်ဘာဖြစ်လဲဆိုတာတော့ bioစာအုပ်တွေထဲမှာ အကုန်ရေးထားပြီးသားပဲ။

...

ရောက်တက်ရာရာ တချို့ပြောနေတုန်းပဲ ရွှီရှို့ရဲ့ချစ်သူ တုရှန်းက ရောက်လာပြီး သူ့ကို ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်တယ်။
‘‘ဟဲလို အလည်လာပေးတဲ့အတွက် ကျေးဇူးပါ”

‘‘ရပါတယ် ကျွန်တော်လုပ်သင့်တာပါ”

‘‘သူက အခုမှ နာလန်ထူခါစရှိသေးတာမို့ ကိုယ်ကလာပြီး ကူညီပေးတာ”

သူ့စကားတွေထဲမှာ အဓိပ္ပါယ်တစ်ခုခုပါတယ်လို့ ရင်းချဲယ် ခံစားမိတာမို့ အမေးသဘောနဲ့ လှမ်းကြည့်လိုက်တော့ တုရှန်းက သတိပြုမိပြီး ဆက်ပြောတယ်။
‘‘ကျေးဇူးပြုပြီး ရှောင်ပေးလို့ရမလား? အားနာပေမယ့်”

ရွှီရှို့မျက်နှာက ရဲရဲတောက်လာပြီး တုရှန်းပါးစပ်ကို လှမ်းအုပ်တယ်။
‘‘ဆက်မပြောနဲ့တော့.....ငါအလျင်မလိုဘူး မင်းနောက်မှပြန်လာခဲ့” 

တုရှန်းကတော့ သူ့လက်ကိုဆွဲချတယ်။
‘‘ဒါပေမယ့် ကိုယ် အလျင်လို‌တယ်လေ”

‘‘.......”

ရင်းချဲယ်လည်း အလိုက်တသိ ထွက်လာခဲ့တယ်၊ သူသာဆက်နေရင် တအားကို အသိပညာတိုးစရာတွေ မျက်မြင်ကိုယ်‌တွေ့ ကြုံကြိုက်သင်ယူလိုက်ရမှာ စိုးတာကြောင့်လည်း ပါတာပေါ့။

..

အခန်းထဲက ထွက်လာပြီးတဲ့နောက်မှာ သူ ဆေးရုံ၀င်ပေါက်ဆီကို လျှောက်သွားလိုက်တယ်။

အပေါက်ရောက်တယ်ဆိုရင်ပဲ ထင်မှတ်မထားတဲ့ ဧည့်သည်တစ်ဖွဲ့နဲ့ တိုးတယ်။

‘‘ချဲယ်ကော! အပြင်တောင် လျှောက်ထွက်နေပြီပေါ့!”

‌ရင်းချဲယ် သူ့ရှေ့က မျက်နှာလိုမျက်နှာရနဲ့ နားရွက်တပ်ချိတ်မတတ် ပြုံးဖြီးပြနေတဲ့ ကျောက်ကျန်ရှန်းနဲ့ ဖန့်ဟွေကို ကြည့်ရင်း ဒီလောကကြီးက အစစ်အမှန်ဟုတ်ရဲ့လားတောင် နည်းနည်း သံသယ ၀င်ချင်လာတယ်။

‘‘ကျွန်တော်တို့လည်း မတိုင်ခင်ကတည်းက လာတွေ့ချင်ခဲ့တာပဲ၊ ဒါမယ့် ယောင်‌ကောက ချဲယ်ကောအနားယူတာကို မနှောင့်ယှက်နဲ့ဆိုလို့”

Pay Attention To Me [Myanmar Translation]Where stories live. Discover now