Extra(Tae's Birthday)

13K 966 59
                                    

ဒီနေ့က ချစ်ရတဲ့ ယောင်းရဲ့ မွေးနေ့လေးမို့ ဂျောင်ကုအထူးတလည်ပြင်ဆင်‌နေမိသည်။ငယ်ငယ်ကလို ပန်းချီကားတစ်ချပ်အပြင် သူကတိပေးခဲ့ဖူးသလို ကြီးရင် မင်းလိုချင်တာ ငါရအောင်ဝယ်ပေးမယ်ဆိုတဲ့ စကားကြောင့် ထယ်ယောင်းရဲ့ မွေးနေ့လက်ဆောင်ကို ဘယ်သူနဲ့မှမတူအောင်ပြင်ဆင်ပေးနေမိတာ။

Italy မြို့ရဲ့ မနက်ခင်းဟာ သာယာနေသလို အိပ်ယာပေါ်ကကောင်လေးဟာလဲ အိပ်ကောင်း‌ဆဲ။ဂျောင်ကုနိုးပီး အလုပ်သမားတွေနဲ့ အလုပ်ရှုပ်နေတာ ကြာနေပီလေ..

"ယောင်း!မထသေးဘူးလား နေ့ခင်း၁၂ခွဲနေပီလေ။တစ်ခုခုစားပီးမှ နေ့လည်ပြန်အိပ်လေ"

ထယ်ယောင်းရဲ့ ပါးပြင်ကို ကုန်းကာနမ်းရှိုက်ရင်းသူနှိုးတော့ မျက်လုံးကိုပွတ်သပ်ရင်းဖွင့်လာခဲ့သည်။

"ဖြေးဖြေးပွတ်....နာကုန်မယ်"

"အင်း...မောင် ခြံထဲမှာဆူညံနေတာပဲ ဘာလုပ်နေကြတာလဲ"

အက်ကွဲကွဲအသံလေးဖြင့် မေးလာတော့ ချစ်မဝဖြစ်ရပြန်သည်။ညဝတ်အကျီအကွက်လေးဟာ ထယ်ယောင်းနဲ့မှ ပိုပီးချစ်ဖို့ကောင်းနေသလို။

"ပွဲတစ်ခုစီစဉ်နေတာပါ...ကဲအပျင်းလေးရယ် ထပီး မျက်နှာသစ်ပါတော့"

"မောင်ချီပါ...!"

အခုတစ်လောယောင်းဟာ သူ့အပေါ်ပိုပီး ပွင့်လင်းလာသလို ငယ်ငယ်ကပုံလေးတစ်ခါတရံပြုမူတတ်သည်။ဒါလေးကိုပဲချစ်နေရတာမဟုတ်လား....

"အားရီးဂူး!! မောင့်ကောင်လေးက စိတ်ချမ်းသာနေလို့လားမသိ လေးလာလိုက်တာ"

"တော်ပီ ပြန်ချပေး"

သူ့ဆီကနေရုန်းက အတင်းခုန်ဆင်းနေတဲ့ ကျားပေါက်ကလေးဟာ မာန်ဖီနေခဲ့တာ။
နားထင်စပ်‌လေးကို ဖိကပ်နမ်းလိုက်တော့မှ ငြိမ်ကျသွားပီး နှုတ်ခမ်းဆူထွက်လာခဲ့သည်။သူ့ကို ဝတယ်လို့ပြောရင် အရမ်းစိတ်ဆိုးတတ်တာလေ....

"စတာကို ဘယ်လိုဖြစ်လို့ စပ်စပ်ထိမခံနိုင်တာလဲ ပြော"

ဘေစင်ပေါ်တင်လိုက်တော့ မျက်နှာကိုလွှဲပီး နံရံကိုစိုက်ကြည့်နေသည်။

WE CAN'T BE FRIENDS(Complete)Where stories live. Discover now