Part-22(Final) 🚨

17.4K 1K 95
                                    

"ဒါပေမဲ့ အခွင့်အရေးတစ်ခုတော့ ရှိပါတယ်။Cell အသစ်‌တွေမွေးပီး Body တစ်ခုလုံးကို အစကနေ ပြန်မွေးဖွားရမယ်။ကုန်ကျစရိတ်လဲ များသလို ရာခိုင်နှုန်းကလဲ ၅၀%ပါပဲ။လူနာရှင်ရဲ့ ဆုံးဖြတ်ချက်က အရေးကြီးပါတယ်"

ဆရာဝန်ရဲ့ စကားသံအဆုံးဂျောင်ကုဟာ စဉ်းစားခြင်းကိုပင်မပြုလုပ်နိုင်။ချက်ချင်းကို ခေါင်းငြိမ့်ခဲ့တာဖြစ်သည်။

"ဘယ်လောက်ကုန်ကုန်ပါ ‌doctor,ကျနော် အမျိုးသားကိုရအောင် ကုပေးပါ"

ဆရာဝန်က သူ့ကိုလက်မှတ်ထိုးခိုင်းခဲ့သည်။တွေနေခြင်းမရှိဘဲ သူထိုးပေးခဲ့သည်။ရရှိသည့်အခွင့်အရေးကို အသုံးမပြုမိလျှင်ပိုနောင်တရမည်။၅၀%ဆိုပေမဲ့ ယောင်းက ဒီလိုနည်းနဲ့ သူ့ကိုထားမသွားဘူးဆိုတာယုံကြည်သည်။

Cellအသစ်‌မွေးနေတုန်း တစ်ပတ်တိတိ ယောင်းဟာ ရသလောက် အသက်ကိုဆွဲဆန့်ထားခဲ့ရသည်။အသက်ကယ်ပိုက်နဲ့ လျဲလျောင်းနေသော ကောင်‌လေးကို မှန်ခန်းအပြင်ကနေပဲ ကြည့်ခွင့်ရှိခဲ့သည်။ထိတွေ့ချင်သော်လည်းထိတွေ့ခွင့်မရှိ။

ယောင်းကို ဒီလိုပုံစံနဲ့ မြင်ရလေ မာမီ့ကိုနာကျည်းလေသာဖြစ်သည်။ဘယ်တော့မှ မတွေ့ချင်သလို အမေလို့ပင် သတ်မှတ်တော့မည်မဟုတ်။

ယောင်းကို စပီးခွဲစိတ်ခန်းထဲ ထည့်ချိန်မှာတော့ သူလဲ အလဲလဲအပျိုပျိုသာ။တစ်ပတ်လုံးလုံး ကောင်းမွန်စွာ မအိပ်စက်ရသေးသလို အစာပင် လုံလောက်စွာ မစားနိုင်ခဲ့ပါ။

ယောင်း က မောင့်ဆီပြန်လာမယ်မဟုတ်လား!!

"ဂျောင်ကု~ထယ်ဘယ်မှာလဲ "

"ဟင် ပတ်ဂျီမင်း ခင်ဗျားက ဒီကိုဘယ်လို"

"အဲတာအရေးမကြီးပါဘူးကွာ။အခု ထယ်အဆင်ပြေရဲ့လား"

"မသိသေးဘူး အကို...ယောင်းက အသစ်ကစပီး မွေးနေရတာ.... အဲတာ ကျနော့်အပြစ်တွေပါဗျာ"

"ဂျောင်ကု အဲလောက်ကြီးလဲ ကိုယ့်ကိုကိုယ်မနှိပ်စက်ပါနဲ့ မင်းကြည့်ရတာ အားလဲမရှိဘူး~ အိမ်ပြန်နားလိုက်ပါလား ငါစောင့်နေပေးပါ့မယ်"

"ပြန်လို့မဖြစ်ပါဘူး ယောင်းက အန္တာရယ်ကြားမှာ ရင်ဆိုင်နေရတာ ကျနော်ရှိနေမှဖြစ်မှာပေါ့"

WE CAN'T BE FRIENDS(Complete)Where stories live. Discover now