Part-21

10.3K 986 72
                                    

JKက BE memberဝင်အဖြစ် နှုတ်ထွက်လိုက်ကြောင်းကို ရှိသမျှ သတင်းစာတိုင်းရဲ့ ခေါင်းစည်းသတင်းအဖြစ် တွေ့နေရ၏။ လဲမတတ်နိုင်ပါ ဒါဟာ သားမိုက်က သူ့ဟာသူရွေးသွားတဲ့လမ်းသာ။လိုက်ခွဲရအောင်လဲ ဂျောင်ကုဟာ သူမမသိလိုက်ခင်မှာပဲ သတင်းဌာနတွေကို သူ့ကိုသူ Gay အဖြစ် Comeoutလုပ်ပီး အဖွဲ့မှ နှုတ်ထွက်ကြောင်း Video clipလေး ပို့‌ခဲ့ပီးသား။ပြင်ဆင်လို့မရသလို လိုက်တားလို့လဲမရခဲ့ပါ။

သားကိုယ်တိုင်ကိုက ရွေးချယ်သွားတာမို့ သူမလဲ မတတ်နိုင်တော့ချေ။တစ်ပတ်‌ ကျော်ရှိနေပီဖြစ်တဲ့ အချိန်ထိသားဘယ်မှာလဲဆိုတာ မသိရတဲ့အထိ ခြေရာဖျောက်ကောင်းနေဆဲ။

အဲတာကြောင့် ကိုယ့်ထိုက်နဲ့ ကိုယ့်ကံနေပါ‌စေ‌တော့ဟု ပစ်ထားချင်ပေမဲ့ သူမရဲ့ တစ်ဖက်ခြမ်းက အတ္တဟာလဲကြီးဆိုးနေပြန်တယ်။မရရအောင်ရှာပီး အပြောကြီးသွားတဲ့ ကင်မ်ထယ်ယောင်းကို နစ်နာအောင်တစ်ခုခုလုပ်ပစ်ချင်နေသည်။

ပြန်‌တွေ့လို့ကတော့ သူမကို လူသိရှင်ကြား သိက္ခာကျအောင် လုပ်ခဲ့တဲ့အတွက် နှစ်ယောက်လုံး အပြစ်ပေးဆပ်စေရမည်။

_____________

"ဒါကဘယ်လဲ?"

စကားမပြောသော ကောင်လေးက အပြင်ထွက်ရန်ပြင်ဆင်နေသော အချိန်ပီးသည်ထိ စောင့်ကြည့်နေပီး မနေနိုင်သည့်အဆုံး ဂျောင်ကု ထမေးလိုက်သည်။

စိတ်ကောက်တာ တော်ရုံပဲကောင်းတယ်။

"သူငယ်ချင်းတွေနဲ့ Clubမှာ ချိန်းထားလို့"

"ဘာ!!မင်းက ဘယ်တုန်းက သူငယ်ချင်းရသွားတာလဲ ဒီရောက်တာ အခုမှ ၂ပတ်ပဲရှိနေသေးတာလေ။ မင်းရူးနေလား!"

"IGက သူငယ်ချင်းတွေက ငါဒီရောက်နေတယ်ဆိုလို့ တွေ့ချင်တယ်ပြောလို့"

"ငါလဲလိုက်မယ်"

ဂျောင်ကုက ဝုန်းခနဲထ၍ ပြင်ဆင်နေတော့သည်။

ဘာလဲ ဒီကောင်။စိတ်ဆိုးမပြေသေးပါဘူးဆိုတာကိုတောင် ကြောင်တောင်တောင်နဲ့...

"လာခေါ်မှာ...မလိုက်နဲ့"

"မောင့်ကားနဲ့ သွားမယ်ကွာ။ထပ်စကားများနေရင် လုံးဝမသွားနိုင်အောင် Fuck ပစ်မှာနော်"

WE CAN'T BE FRIENDS(Complete)Where stories live. Discover now