မနက်၆နာရီမှာ မြည်လာသော Alarm ကြောင့် ဂျောင်ကုဟာနိုးထလာခဲ့ရသည်။ဟုတ်သားပဲ ဒီနေ့ Schedule ရှိတာမေ့နေလိုက်တာ။
ထယ်ယောင်းကိုကြည့်တော့ နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်နေခဲ့သည်။သူ့ခါးတဝိုက်က လက်လေးတွေကို ယူကာ စုပ်ကိုင်ရင်းအသဲတယားယားဖြစ်နေမိရသည်။
လူသားဖြစ်ပီးဘာလို့ အဲ့လောက် တောင် ပြည့်စုံရသလဲရယ်လို့မေးခွန်းထုတ်လိုက်ချင်သည်။လှပသော မျက်နှာလေးသည် အိပ်နေသောကြောင့် အနည်းငယ်ဖောင်းထွက်နေသော ပါးလေးရယ် စုချွန်နေသော နှုတ်ခမ်းလေးရယ်က မက်မောစရာအပြည့်ဖြစ်လို့နေခဲ့သည်။
ထယ်ယောင်းကသူ့ကို ဘာလို့မြန်မြန်ဆန်ဆန် ဒီလောက်ထိ ခွင့်လွှတ်ပေးခဲ့ရတာလဲလို့ တွေးမိသေးသည်။ဘာကြောင့်ပဲဖြစ်ဖြစ် ယောင်းကိုမောင်က လက်မလွှတ်တော့ဘူးမို့ ဘယ်လိုပဲလုပ်လုပ် အဆင်ပြေတယ်...
ချစ်သူဖြစ်တာ တစ်ပတ်အကြာမှာ ဒီလိုအနေအထားထိရောက်လာခဲ့ရတာကလဲ သူတမင်ကို အပိုင်လုပ်ယူခဲ့ရတာဖြစ်သည်။အနည်းဆုံးတော့ သွေးသားချင်းဆက်နွယ်လိုက်တာက သံယောဇဉ်ပိုတွယ်လာနိုင်သေးသည်မဟုတ်လား။
"ယောင်း!!"
ထယ်ယောင်းရဲ့ ပါးကိုပွတ်သပ်ရင်းခပ်တိုးတိုးနှိုးတော့ အအိတ်ဆတ်ပုံရတဲ့ ယောင်းက မျက်လုံးလှလှလေးများကိုအားယူကာဖွင့်ကြည့်သည်။
"ယောင်း!! မောင် schedule ရှိသေးလို့ သွားရတော့မယ် နေ့လည်လောက်ပြန်လာခဲ့မယ်။ ယောင်းအိပ်ပီး စောင့်နေနော် အရမ်းပင်ပန်းသွားခဲ့ရတာမဟုတ်လား"
"ဟင်!ဘယ်ကိုလဲ"
"Album အတွက် Photo Shooting ရှိတယ်ယောင်းရဲ့ အဲတာဒီတစ်မနက်ပါပဲ ယောင်းစောင့်နေလေနော်"
ထယ်ယောင်းရဲ့ ဂျောင်ကုအပေါ် လက်စားချေချင်သည့်စိတ်တို့ဟာ အကောင်အထည်ပေါ်လာရတယ်။မင်းကိုပျက်စီးအောင်လုပ်မှာမို့ ခံနိုင်ရည်မွေးထားပါ ဂျောင်ကု..
"ဟင့်အင်း!မသွားနဲ့ မင်းငါ့ကို တစ်ညလုံး အရယူပီးမှ ထားသွားလို့မရဘူး"
ဂျောင်ကုရဲ့ ခါးကိုဖက်တွယ်ထားရင်းက စူပုတ်ပုတ်ပြောနေပုံက ဖခင်အလုပ်သွားခါနီး ငိုမဲ့မဲ့ဖြစ်နေသော ကလေးနှင့်ပင်တူသေးသည်။
YOU ARE READING
WE CAN'T BE FRIENDS(Complete)
Fanfiction"ငါတို့က သူငယ်ချင်းမဖြစ်နိုင်ဘူး..ဂျောင်ကု" "ဒါဆို ချစ်သူတွေတော့ ဖြစ်လို့ရတယ်ပေါ့.." ⚠️Warning ပေးထားပါတယ်နော်... အဆင်ပြေမှဖတ်စေချင်ပါတယ် ⚠️