ထ်ိုနေ့က ထယ်ယောင်းနဲ့ ဂျောင်ကုအတူတူ ကျောင်းကပြန်လာကြရင်း အိမ်ရှေ့မှာ ကားနှစ်စီးရပ်ထားတာကို တွေ့ခဲ့ရသည်။ဧည့်သည်ရောက်နေတာမို့ စူးစမ်းရင်း ဝင်လာခဲ့သည်။
"ဟော ကလေးတွေ ဟိုမှာပြန်လာကြပီ"
ဧည့်ခန်းထဲတွင် ပါပါး၊မာမားအပြင် တခြား အဒေါ်ကြီး ၃ ယောက်ရော ဦးလေးကြီး၂ယောက်ပါ ပါသည်။
"သားတို့လာထိုင်ကြဦး "
ဂျောင်ကုနဲ့ ထယ်ယောင်းဟာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ဆွံအနေမိကြသည်။မာမားနဲ့ ပါပါးမျက်နှာကလဲ သိပ်မကောင်းဘူး...
ထိုင်ခုံမှာဝင်ထိုင်တော့ မာမားက ဂျောင်ကုလက်ကို ဆုတ်ကိုင်၍ ထယ်ယောင်းကိုလဲ နှစ်သိမ့်သလိုကြည့်သည်။ဒါက ဘာတွေလဲ?
"သား ဂျောင်ကု ဒါသားအမေနဲ့ အဒေါ်တွေ"
မားရဲ့ ရုတ်တရက်ပြောလာတဲ့ စကားသံအဆုံး အံ့ဩမိတာ ဂျောင်ကုတင်မက ထယ်ယောင်းပါပါသည်။
"ဗျာ...!!"
ဂျောင်ကုဟာ သူ့အရှေ့က အမေဆိုသူကိုကြည့်၍ ကြက်သေသေနေမိတော့သည်။သူ့ကို ချစ်ခင်သနားစိတ်မရှိဘဲ မိဘမဲ့ ကျောင်းမှာထားခဲ့ဖူးတဲ့ အမေက ဘာလို့ အခုမှ ပြန်ပေါ်လာရတာလဲ...
"သားလေး အမေလေ ~အစ်မ ဒါငါ့သားလေးတဲ့ဟယ်။ကြည့်ပါဦး ချောလာလိုက်တာ သားရယ်။"
ဂျောင်ကုကို သူ့အမေဆိုသူက ဖက်ကာ အားရပါးရ ငိုတော့သည်။
ဘာလဲ? အခုမှ ဘာလို့လဲ...
"ဟိုဟာခင်ဗျ~ကျွန်တော်တစ်ခုလောက်ပြောချင်လို့ အန်တီတို့က အခုမှ ဘာလို့ဒီလိုလာရှာကြတာလဲ။ ဂျောင်ကုကို ပစ်တုန်းကပစ်ထားပီး အခုဘာလာလုပ်ကြတာလဲ"
"ဟဲ့ သားငယ်"
မေမေက ထယ်ယောင်းကို ဟန့်နေခဲ့သော်လည်း ထယ်ယောင်းဂရုမစိုက်နိုင်ပါ။ကြောင်တောင်တောင်ဖြစ်နေသော ဂျောင်ကုမှာလည်း ထယ်ယောင်းဘက်ကို လှည့်ကြည့်လာခဲ့သည်။
"အန်တီ့အမှားတွေပါ သားရယ်~သားလေးအဖေဆုံးပီး နောက်ပိုင်း သားအဖေနဲ့ရတဲ့ကလေးကို သားရဲ့ အဘွားတို့လက်မခံမှာစိုးလို့ နောက်မှ လာခေါ်မယ်ဆိုပီး ထားခဲ့ရတာ။အန်တီက သားအဘွားနဲ့ အဆင်ပြေပီး သားလေးကို ပြန်ရှာတော့ မိဘမဲ့ကျောင်းက အဲ့နေရာမှာလည်း မရှိတော့ဘူးတဲ့လေ။အခုတောင် မာသာနဲ့ မထင်မှတ်ဘဲ လမ်းမှာ တွေ့ခဲ့ရတာမို့ သားရဲ့သတင်းလိုက်စုံစမ်းရင်း ဒီအိမ်မှာဆိုတာကို သိခဲ့ရတာ။ကျွန်မတောင်းပန်ပါတယ် အစ်မရယ်"
YOU ARE READING
WE CAN'T BE FRIENDS(Complete)
Fanfiction"ငါတို့က သူငယ်ချင်းမဖြစ်နိုင်ဘူး..ဂျောင်ကု" "ဒါဆို ချစ်သူတွေတော့ ဖြစ်လို့ရတယ်ပေါ့.." ⚠️Warning ပေးထားပါတယ်နော်... အဆင်ပြေမှဖတ်စေချင်ပါတယ် ⚠️