Part-16 🚨🚦

14.1K 1K 52
                                    

*** Warnig Part များအား ssရိုက်၍ socialပေါ် မတင်ပါနဲ့။

"မာမီ ဒီကအလုပ်ပြတ်တာနဲ့ ပြန်လာခဲ့မယ် အဲ့ဒီ့အခါကျမှ မင်းနဲ့စကားဆက်ပြောမယ် သား"

ဖုန်းထဲကနေ မာမီက အရမ်းကိုဒေါသထွက်နေသည့်ဟန်။သူထယ်ယောင်းကို ပွေ့ချီသွားတဲ့ပုံကို ပါပါရာဇီတစ်ယောက်က မာမီ့ဆီကို ပြကာ ငွေညှစ်ခဲ့သည်တဲ့။မာမီက အရမ်းစိတ်ဆိုးနေပီး သူ့ကို ဒေါသပုန်ထနေသလို ယောင်းကိုလဲပြသနာရှာချင်နေသည့်ပုံ။

"မောင်...မင်းအမေလား ဘာဖြစ်လို့လဲ"

သူ့ဖုန်းသံကြောင့် ယောင်းပါနိုးလာသည်ထင်ပါရဲ့။ထိုင်နေတဲ့ သူ့အနောက်ကနေ ခါးကို သိုင်းဖက်ကာ ပုခုံးပေါ်ခေါင်းတင်ကာ မေး‌လာသည်။

"ဘာမှမဟုတ်ပါဘူး ယောင်းရယ် ပါပါရာဇီတွေပေါ့ ‌ကိုယ့်စောက်လုပ်မဟုတ်ဘဲ လိုက်မွှေနေတာလေ"

"အခုမင်းအမေသိသွားပီလား"

"အင်း!ယောင်း စိတ်ပူဖို့မလိုဘူး ခေါင်းထဲမထည့်ထားနဲ့နော်"

သူ့ခါးပေါ်ကလက်လေးကိုအုပ်ကိုင်ကာ ခေါင်း လေးစောင်းကာ ပါးဖောင်းဖောင်းလေးကို မွှေးကြူလိုက်မိသည်။ချစ်လိုက်ရတာ ယောင်းရယ်...

"မောင်!မင်း မာမားနဲ့ပါပါးကို သတိရသေးလား"

"သတိရတာပေါ့ယောင်းရယ် မောင်တွေ့လဲတွေ့ချင်တယ်"

"တစ်ရက်ရက်သွားတွေ့ကြမလား !!ဟင်"

"ယောင်း တကယ်ပြောနေတာလား!"

"အင်း မင်းလိုက်ရဲရင်ပေါ့"

ထယ်ယောင်းက မောင့်ကို သွေးတိုးစမ်းခဲ့သည်။

"ယောင်းက မောင့်ကိုရင်မဆိုင်ရဲဘူး ထင်နေတာလား?ဒီတခါ ယောင်းကို မောင်က ဘယ်လိုနည်းနဲ့မှ လက်လွှတ်မှာမဟုတ်တော့ဘူး"

မောင့်ကိုယုံချင်သည်။မောင်က idol ဖြစ်နေချင်းက သူတို့နှစ်ယောက်ကြား အနှောက်အယှက်များစွာ ဝင်လာမှာကို ကြောက်မိသည်။

_____________

မောင်က နားရက်ပြည့်ပီမို့ အလုပ်ပြန်ရှုပ်လာခဲ့သည်။မောင့်ဆီကို အယ်လာက ခနခနဖုန်းဆက်နေတာကို မကြိုက်ဘူး။အယ်လာရိုးသားတာသိပေမဲ့ သူကိုက မောင့်ကို ဘယ်မိန်းကလေးနဲ့မှ စကားပြောတာသဘောမတွေ့။

WE CAN'T BE FRIENDS(Complete)Onde as histórias ganham vida. Descobre agora