Part-18

9.9K 958 48
                                    

"မောင် ပြောလေ ဘာပြောမလို့လဲ"

"ယောင်း ဒီနေ့ ဘယ်သွားပီးဘာလုပ်ခဲ့တာလဲ"

တစိတ်မောင့်အသံက ‌ဒေါသသံနဲ့တုန်နေတယ်ထင်ရတယ်။မောင်ဘာဖြစ်နေတာလဲ။

"အပြင်သွားတာလေ ဘာလို့လဲမောင်"

"ဘယ်သူနဲ့လဲ"

မောင်ကအခု တရားခံစစ်သလိုစစ်နေတာလား။အသံကလဲ နူးညံ့မှုတစက်မှရှိမနေဘူး။

"ဂျီမင်းနဲ့လေ ဘာဖြစ်နေတာလဲ မင်းက"

ယောင်းကတကယ်ပဲမသိတာလား။ဂျီမင်းနဲ့ အတူတူအပြစ်လုပ်ထားတာတောင် အသံကမာနေတုန်းပဲ။တကယ်ပါ ကင်ထယ်ယောင်းက ဆိုးကိုဆိုးတာ...

"မင်းမောင့်ကတ်ကနေ ဒေါ်လာနှစ်သောင်းသုံးထားသေးတယ်ဆို။"

"မောင်က အခု မင်းပိုက်ဆံကိုငါသုံးလို့ပြောနေတာလား...ဂျီမင်းဆို ဘယ်လောက်သုံးသုံးတစ်ခါမှ မပြောဖူးဘူးနော်"

တွေ့လား ဂျီမင်းဆိုတဲ့လူနဲ့ ယှဉ်ပြနေတာ။သူပြောချင်တာက ဂျီမင်းနဲ့ ဟိုတယ်အတူတူသွားတဲ့ ကိစ္စကို မေးချင်တာ။ဒါပေမဲ့ မေးဖို့ပါးစပ်ကထွက်မလာဘဲ ပိုက်ဆံဘက်ကိုရောက်သွားတယ်။ယောင်းကသာ ဂျီမင်းနဲ့ တကယ်ပဲ ပြန်ပတ်သက်နေတယ်လို့ဖြေရင် သူဘယ်လိုလုပ်ရမလဲ....

"မဟုတ်ဘူးလေ~မောင်ပြောချင်တာက.."

"တော်ပီမောင်...မင်းပိုက်ဆံတွေကို ငါ ပြန်ပေးမယ်။ငါ ဂျီမင်းဆီကနေ ချေးပီး ပြန်ထည့်ပေးမယ်ရပီလား"

"ယောင်း...မဟုတ်ဘူးလေ မောင့်ပိုက်ဆံမင်းဘယ်လောက်သုံးသုံးစိတ်မဝင်စားဘူး။မောင်ပြောချင်တာက မောင့်ကို ဘယ်သူနဲ့ ဘယ်သွားတယ်ဆိုတာကို ပြောပြစေချင်တာ.."

ဖုန်းချသွားခဲ့ပီ။ယောင်းက တကယ်ပဲအထင်လွဲသွားပြန်ပီ။အပြစ်လုပ်ထားသူက သူ့ကိုပြန်စိတ်ဆိုးတယ်ဆိုတာ ‌တော်တော်တော့ အဆင်မပြေဘူး။လိုက်ချော့ဖို့လဲ အခုလောလောဆယ် အစီအစဉ်မရှိသေးဘူး။ယောင်းနဲ့ ဂျီမင်းရဲ့ဟိုတယ်ထဲဝင်သွားတဲ့ပုံရိပ်ရယ်၊ယောင်းကို ကုန်းနမ်းနေတဲ့ ပုံရယ်၊ယောင်းဘေးနားက အသံရယ် ထိုအရာတွေကိုပဲ သူစိတ်တိုနေရတယ်။အခုအချိန်ပေါက်ကွဲလိုက်ရင်လဲ ထယ်ယောင်းလိုလူက စိတ်ကုန်ပီး ထားသွားမှာကြောက်ရပါသေးသည်။

WE CAN'T BE FRIENDS(Complete)Where stories live. Discover now