📞ဆေးတွေအသစ်ဝင်မယ်ဆို ဘယ်နေ့ဝင်မှာတဲ့လဲ📞

📞..............📞

📞ဟုတ်ကဲ့ ဆေးတွေရောက်ရင် ကျနော့်ကိုတချက်အရင်ပြောပေးပါဦး ကျနော်ဈေးကောင်းကောင်းပေးမှာပါ📞

ကြည့်ရတာ မြေအောက်လောကက အလုပ်ကိစ္စပဲဖြစ်မှာ။ဖုန်းပြောပြီး ကော်ဖီခွက်ကိုယူကာ ကော်ဖီတငုံမြည်းကြည့်တော့ မျက်ခုံးတွေတွန့်ချိုးသွားတာကြောင့် ကျနော်ထိတ်လန့်သွားသည်။

"Byun Baekhyun!!! ကော်ဖီဘယ်လိုဖျော်လာတာလဲ ငါ့အကြိုက်တောင်မသိတော့ဘူးလား"

"ပုံမှန်အတိုင်းပဲဖျော်လာတာပါ သခင်လေး"

"မင်းကိုယ်တိုင်လာမြည်းကြည့်စမ်း"

ကျနော်မြည်းကြည့်လိုက်တော့ ကျနော်အံ့ဩသွားသည်။သကြားထည့်ဖို့မေ့ခဲ့ပြန်ပြီပဲ။ မနက်ကတောင် Luhanကျနော့်ကိုသတိပေးနေတာကို အခုမေ့ဖြစ်အောင်မေ့ပြန်ပြီ။

"တောင်း....တောင်းပန်ပါတယ် သခင်လေး"

"ခွမ်း...ခွမ်း!!!" ကော်ဖီခွက်နဲ့ကော်ဖီခွက်တင်လာတဲ့ ပန်းကန်ပြားကိုသခင်လေးခွဲလိုက်ခြင်းဖြစ်သည်။ကော်ဖီတွေနဲ့အကွဲစတွေ ကြမ်းပြင်ပေါ်ပြန့်ကျဲသွားသည်။

"ဘာလဲ Jonginနဲ့အရမ်းအဆင်ပြေနေတော့ တာဝန်တွေတောင်ပျက်ကွက်ချင်နေပြီပေါ့"

ကျနော်ဘာလုပ်လုပ်သူသိနေတာပဲလေ။ ဘာမှမဆန်းတော့ပါဘူး။

"ကျနော်တောင်းပန်ပါတယ် သခင်လေး"

"အဲ့ကြမ်းပြင်ပေါ်ကအကွဲတွေကိုစုလိုက်စမ်း"

ကျနော်အကွဲတွေကိုကိုင်လိုက်တော့ လက်ကရှပြီးသွေးထွက်လာပြန်သော်လည်း သခင်လေးခိုင်းသည့်အတိုင်းစုလိုက်သည်။

"စုပြီးရင် မင်းဘောင်းဘီကိုအပေါ်လှန်တင်ပြီး အဲ့အကွဲတွေပေါ်ဒူးထောက်လိုက်"

ကျနော်ကြောက်လန့်တကြား သခင်လေးကိုကြည့်လိုက်သည် ။ဒီအကွဲတွေပေါ် ဒူးထောက်ရမယ်ဆိုတာကမလွန်ဘူးလား။

"ဘာလဲ ပြောတော့ငါ့ကိုချစ်တယ်ဆို ဒါလေးတောင်မလုပ်နိုင်ဘူးလား မလုပ်နိုင်ရင်ဒီအိမ်ကနေတခါထဲထွက်သွား"

My Master (Completed) (Z+U)जहाँ कहानियाँ रहती हैं। अभी खोजें