ဒုတိယနေ့ နေ့လယ်ခင်းမှာ ကြယ်စုကွန်ရက်ရဲ့ လူအရှာများတဲ့ စကားလုံးတွေထဲမှာ tag တစ်ခုက တိုးတိုးတိတ်တိတ် ပေါ်ထွက်လာတယ်။

#တူညီသောကမ္ဘာ၊ တူညီသောအိပ်မက်#

ဝမ်ရှောင်းယွင်က စစ်တပ်ကနေပို့လိုက်တဲ့ တရားဝင်ကြေညာချက်တစ်ခု ပူပေါင်းထုတ်ပြန်ဖို့ အွန်လိုင်းပေါ်ရောက်နေတယ်။

သူက ဒီ tag ကိုတွေ့တော့ အစက သူမှားဖတ်မိတာလို့တောင် ထင်မိတယ်။

ဒါက 'တူညီသောကမ္ဘာ၊ တူညီသောရည်မှန်းချက်' မဟုတ်ဘဲ 'တူညီသောအိပ်မက်' ဖြစ်နေတယ်။

(* Eng T/N အင်္ဂလိပ်လိုဆိုရင် စာလုံးအတူတူပဲ၊ I have a dream - ကိုယ်ရယူလိုတဲ့အိပ်မက်၊ ရည်မှန်းချက်ရှိတယ်လို့ ပြောသလိုပဲ၊ I had a dream - မနေ့ညက အိပ်မက်တစ်ခုမက်ခဲ့တယ် - စကားလုံးကတော့ အတူတူပဲ။ တရုတ်မှာတော့ 梦想 - ရည်မှန်းချက် ဆိုတဲ့စကားလုံးဖြစ်ရမဲ့အစား 梦 - အိပ်မက် ဖြစ်နေတာကို ပြောတာပါ)

ပုံမှန်ဆိုရင် ဝမ်ရှောင်းယွင်က သေချာပေါက် အရှာများတဲ့စကားလုံးတို့ဘာတို့ကို ဂရုစိုက်မိမှာတောင်မဟုတ်ဘူး။ ဒါပေမဲ့ ကျွမ်းကျိုးက သူ့ကို မကြာခဏ အိပ်မက်ပေးလို့ဖြစ်မယ်၊ သူ့က ထူးထူးဆန်းဆန်း 'အိပ်မက်' ဆိုတဲ့စကားလုံးကို ထိရှလွယ်နေတယ်။

ဘာကြောင့်မှန်းမသိတဲ့ အကြောင်းပြချက်နဲ့ပဲ သူ ဒီ tag ကို နှိပ်ကြည့်လိုက်တယ်။

ပထမဆုံး ဂျာနယ်လစ်ဘလော့ဂါတစ်ယောက်က ပြောတယ်: မနေ့ညက သူအရမ်းထူးဆန်းတဲ့ အိပ်မက်တစ်ခုမက်တယ်။ သူက ကြယ်စုဒင်္ဂါးပုံစံ မျက်နှာဖုံးတပ်ထားတဲ့ ယောက်ျားတစ်ယောက် သူ့ကို ချမ်းသာအောင် လုပ်ပေးမယ်ဆိုပြီး ပြောတာကို အိပ်မက်မက်ခဲ့တယ်။

ဂျာနယ်လစ်ဘလော့ဂါက ဆိုတယ်: သူက အိပ်မက်ရဲ့အသေးစိတ်အကြောင်းအရာတွေကိုတော့ မမှတ်မိတော့ဘူး။ ဒါပေမဲ့ ကြယ်စုဒင်္ဂါးဝတ်ထားတဲ့ယောကျ်ားက - သူ့ကို ကိုးကွယ်ရင် ချမ်းသာလာမယ်ဆိုလား တစ်ခုခုပြောလိုက်တာကိုတော့ ဝိုးတိုးဝါးတား မှတ်မိလိုက်တယ်။

ဒါက အိပ်မက်ဖြစ်နေတာမို့ ဂျာနယ်လစ်ဘလော့ဂါက သူက ဘာဖြစ်လို့ ဒီလောက်နာခံတတ်သွားမှန်းတောင် သူမသိလိုက်ဘူး။ သူက မသိစိတ်အရ အိပ်မက်ထဲမှာ ဒူးထောက်ပြီး ဂါရဝပြုလိုက်တာပဲတဲ့။

Worship Me, I Can Make You Rich (Myanmar Translation) U+Z (Complete)Where stories live. Discover now