Chapter - 71(part 2)

Start from the beginning
                                    

ရင်းချဲယ်က နှုတ်ခမ်းလေးကွေးတက်လို့ :
‘‘အင်း”

တစ်ချိန်လုံး နှူတ်ပိတ်နေခဲ့တဲ့ ဟန်မုန့်က ထပြောလာတယ်။
‘‘ရပါတယ်၊ ချဲယ်ကော မလာချင်ဘူးဆိုလည်း မလာနဲ့ပေါ့၊ အချိန်ယူပါ၊ ပျော်ရွှင်မှုက အရေးကြီးဆုံးပဲမလား”

ချန်ရင်းရင်းက :
‘‘စာမေးပွဲဖြေ‌တာလေးတင်ကို၊ အဲ့လောက်မပျော်ရွှင်မချမ်းမြေ့နေစရာတွေထိ ပြောနေစရာလိုလို့လား နင့်ဟာက”

ဟန်မုန့် : ‘‘ငါ အဲ့လိုပြောချင်တာ မဟုတ်ဘူးလေ”

‘‘အာ့ဆို ဘာကိုပြောချင်တာလဲ?”

‘‘ငါက.....”
ဟန်မုန့်တစ်ယောက် ဘယ်လိုပြောရမှန်းကို မသိတော့ပေ။

‘‘အာ သိပြီ အဲ့ဒါက ကျန့်ယောင်နဲ့များ ပက်သက်နေမလား?”
ရုတ်တရက် ချန်ရင်းရင်းက မေးလာသည်။

အလန့်တကြားထခုန်တဲ့ ဟန်မုန့် : ‘‘မင်းက ဘယ်လိုလုပ်သိတာလဲ? ချဲယ်ကော ငါပြောတာမဟုတ်ဘူးနော်! မသိနားမလည် အပြစ်မရှိတဲ့သူကို အနိုင်မကျင့်ပါနဲ့!”

‘‘........” 

ချန်ရင်းရင်း : ‘‘အသိသာကြီးပဲ မဟုတ်ဘူးလား? ကျန့်ယောင်က နေရာလဲဖို့ တောင်းဆိုတယ်လေ”

ဟန်မုန့်မှာ သက်ပြင်းချမိသည်။
‘‘မင်းက အဲ့ဒါကို ပြောတာပဲ”

ချန်ရင်းရင်း : ‘‘တခြား ဘာရှိဦးမှာလဲ......ချဲယ်ကော နင်တို့နှစ်ယောက် ရန်ဖြစ်ထားတာလား ဘာလဲ? ငါ ကူပြီး ဖြန်ဖြေပေးရမလား?”

သူတို့နှစ်ယောက်က ပုံမှန် သွေးအေးရန်ပွဲတွေ ဖြစ်နေကျဆိုပေမယ့် ပြန်ပြေလည်တာလည်း နေ့တစ်၀က်ကို မကြာလိုက်ဘူး။ ဘယ်လောက်ပဲ ရန်တွေဖြစ်နေပါစေ ထိုင်ခုံဖော်နှစ်ယောက်က တပူးပူးတတွဲတွဲ၊ ဒါပေမယ့် ဒီတစ်ခေါက်တော့ ကျန့်ယောင်က ရုတ်တရက်ကြီး ထိုင်ခုံနေရာပြောင်းပေးဖို့ လောင်ဝူ့ဆီ တောင်းဆိူလာပြီး ရင်းချဲယ်ကလည်း ဆေးရုံမှာ။ နှစ်ယောက်လုံးက ထိခိုက်ဒဏ်ရာရပုံ ပေါ်မနေလို့သာပဲ မဟုတ်ရင် ချန်ရင်းရင်းက သူတို့နှစ်ယောက် အဲ့ညက အပြင်သွားပြီး ထိုးကြိတ်ရန်ဖြစ်လာကြတာလို့တောင် သံသယ၀င်မိတော့မှာ။

Pay Attention To Me [Myanmar Translation]Where stories live. Discover now