"မင်းတို့ဘာလုပ်နေတာလဲ ငါ့နားမလာစေနဲ့..."
"ဟုတ်ကဲ့သခင်ကြီး..."
တိုက်ဖို့ပြင်လေတော့...အိမ်ရှေ့စံတစ်ယောက် မြင်းေပါ်ကဆင်းကာ ဓားကုိပြင်ကိုင်ကာ...တိုက်ခိုက်ဖို့ ပြင်ဆင်ချိန်...
"နေဦး...အိမ်ရှေ့စံ....မသေခင်လေး..နူတ်ဆက်ပါဦး..."ဆိုကာ အဝတ်စဖယ်ပေးတော့....
"အိမ်ရှေ့စံအထိခိုက်မခံပါနဲ့....ပြန်ပါတော့..."တဲ့လေ...သူဟာကိုယ်တော့်ကိုမမှိတ်ပေမယ့်...စိတ်ပူနေပေးရှာတယ်....
"ကိုယ်တော်သူတို့ကုိသတ်ပြီးရင်....မင်းကိုကယ်မယ်...ခဏလေးပဲသည်းခံပြီးနေပေးပါ..."
"ဟင့်အင်း...မလုပ်ပါနဲ့...."
ကျွန်တော့်အရှေ့မှာ သွေးစက်တွေနဲ့ဓားကုိကိုင်ထားတဲ့ အိမ်ရှေ့စံအတွက် ကျွန်တော်ဟာဘယ်လိုမို့လို့လဲ...နားမလည်နိုင်....
တိုက်ခိုက်နေတဲ့အချိန်လုံး.....အများနဲ့တစ်ယောက်မို့....အနည်းငယ်ခံရတာပေါ့.....ကျွန်တော့်ရင်ထဲမှာ သွေးတစက်စက်ကျသလိုနာကျင်မိတယ်....မျက်ရည်တွေဟာလည်း နားမလည်နိုင်စွာ မသိတဲ့သူအတွက် ကျနေမိတယ်......
"အား!...."
"ကြည့်စမ်း...မင်းသိပ်ချစ်တဲ့ အိမ်ရှေ့စံသေမှာကုိ ကြည့်စမ်း...ဒီမျ်ကလုံးတွေနဲကြည့်စမ်း....ဟားဟား...ဟားး...."ဆိုပြိိီး
ကျွန်တော့်ဆံပင်တွေကုိ ေစာင့်ဆွဲကာ မျက်နှာမော့ေစပြီး ကြည့်ခိုင်းနဲ့လူဟာ ဘယ်သူမှန်းလဲကျွန်တော်မသိဘူး....ချစ်တယ်တဲ့.....သိပ်ချစ်တာတဲ့...ကျွန်တော်ကလေ....ကျွန်တော်ကချစ်တာတဲ့လား...အိမ်ရှေ့စံကို....ကျွန်တော်မသိဘူး...ဘာမှလည်းမမှတ်မိဘူး...
"သူ့ကိုမထိနဲ့!!!! ခင်များရဲ့ရွံ့စရာကောင်းတဲ့ လက်နဲ့မထိနဲ့!!!!!!..."
"ခင်များရဲ့ရွံ့စရာလက်တွေနဲ့....မထိနဲ့...နောက်ဆုံးသတိပေးတာပဲ...မထိနဲ့!!!!!..."
အိမ်ရှေ့စံအသံဟာ လောကတခွင်လုံးသိမ့်သိမ့်တုန်စေမယ့် အသံပါဝါအောက် သခင်လေးကိုဆွဲထားတဲ့လက်အစုံဟာ ကြောက်လန့်မူနဲ့အတူ လွှတ်လိုက်မိတာ....ထိုလူယုတ်မာသိလိုက်မည်မထင်....
YOU ARE READING
မောင့်မူပိုင်သမားတော်💘
Fanfictionမောင့်ရောဂါက မောင့်မူပိုင်သမားတော်နဲ့မှ ပျောက်နိုင်မှာ... ________________________________ -zawgyi- မောင့်ရောဂါက မောင့်မူပိုင်သမားတော်နဲ့မှ ပျောက်နိုင်မှာ...
^Ending^
Start from the beginning
