"လွှတ်စမ်း....ငါအိမ်ရှေ့စံဆိုတာ မသိရော့လား...လွှတ်စမ်း...ဒီနေ့မင်းတို့သေနေ့ပဲ....."
ဓားကိုဆွဲထုတ်ကာ အားလုံးကိုယှဥ်ပြိုင်ကာ ချစ်ရသူအတွက်တိုက်ခိုက်တော့တယ်....ဓားတစ်ချက်ဝှေ့လိုက်တိုင်း...လူတစ်ယောက်အသက်ဟာ...ဓားပေါ်ခခဲ့ပြီ....အိမ်ရှေ့စံဝတ်ရုံပြာလေးမှာလည်း..သွေးရောင်လွှမ်းနေပြီ....ဒေါသအစုံဟာ ဘာမှမမြင်နိုင်လောက်အောင်....အချစ်စွမ်းအားကြီးမားခဲ့တာ...
လူအားလုံးဟာ ဂိုထောင်ထဲအလဲလဲအကွဲကွဲနဲ့ အသက်ဆိုတာတစ်ယောက်နဲ့မျှမဆိုင်သည့်အလား...အသက်မဲ့စွာ....
"အိမ်ရှေ့စံ..."
ဂိုထောင်ထဲကထွက်လာတဲ့ အိမ်ရှေ့စံမျက်နှာတော်ဟာ...သွေးအေးနေတဲ့ ဝံပုလွေလိုပဲ...ရက်စက်ဖို့ကိုအဆုံးထိသွားဖို့...ဆုံးဖြတ်ထားပုံ....ဝတ်ရုံတော်ဟာသွေးလွှမ်လို့....မျက်နှာမှာလည်း..သွေးတွေပေနေခဲ့တာ..သားသတ်သမားပမာ....မျက်လုံးတွေဟာ တည်ငြိမ်လို့....ရေပြင်ညီအနေအထားမှာ....
"မြင်းယူလာခဲ့...."တဲ့လေ..
ဘယ်သွားမလို့လဲ မမေးရဲ.....အိမ်ရှေ့စံမျက်ဝန်းတွေဟာ သွေးလိုနီရဲပြီး မီးဝင်းဝင်းတောက်နေခဲ့ပြီ....
မြင်းယူလာပေးပြီးတာနဲ့....မြင်းဇတ်ကြုိးကို တစ်ဖက်နဲ့ကိုင်ကာမြင်းနှင်လေပြီး...တစ်ဖက်မှာသွေးတစ်စက်စက်ကျနေတဲ့ ဓားတစ်ချောင်း....
"Min yoongi shii...သခင်လေးကိုသူတို့တခြားခေါ်သွားကြပြီ....အထဲမှာမရှိတော့ဘူး..."
"အဲ့ဒါကြောင့်ကုိ အိမ်ရှေ့စံမြင်းနဲ့ထွက်သွားပြီ...အခုပဲလိုက်ကြမယ်..."
"ကောင်းပြီ...jinhyung...ကျွန်တော်နဲ့သွားမယ်.."
"ခင်များနေရာသိတယ်မို့လား...အရှေ့ကသွား..."တဲ့လေ..
သူစိမ်းဆန်လိုက်တာ....နာမည်အပြည့်စုံခေါ်တုန်းကတစ်ခါ...အခုတစ်ခါ ခင်များတဲ့...နာလိုက်တာဗျာ...ချစ်ရတာကျွန်တော်ကအသိဆုံး...သူလေးသိဖို့လည်း...ကျွန်တော်မဝံ့ရဲသေးပါဘူး...ဖခင်အတွက်ပဲအချစ်ကိုစတေးကိုဆုံးဖြတ်ခဲ့ပြီးသားပါ နေကြာလေးရယ်....
အိမ်ရှေ့စံရဲ့မြင်းဟာ အရှေ့ကပြေးသွားတဲ့ လှည်းနားမှီခါနီးနေပြီ....
YOU ARE READING
မောင့်မူပိုင်သမားတော်💘
Fanfictionမောင့်ရောဂါက မောင့်မူပိုင်သမားတော်နဲ့မှ ပျောက်နိုင်မှာ... ________________________________ -zawgyi- မောင့်ရောဂါက မောင့်မူပိုင်သမားတော်နဲ့မှ ပျောက်နိုင်မှာ...
^Ending^
Start from the beginning
