"သူ့ကိုလွှတ်လိုက်....."
အနီးနားထိအပြေးသွားပြီး....အားနဲ့လွှဲကာ jiminကိုကုိင်ထားတဲ့လက်ကို ခုတ်ချပစ်လိုက်တော့...
အား!!!!ဆိုတဲ့အော်သံဟာ ဒီတစ်ခါတော့...မကောင်းတဲ့လူတွေထဲက တစ်ယောက်ရဲ့အော်သံ....
"သုံးယောက်လုံးဖမ်းခဲ့....သွားမယ်..."
လူမမျှတဲ့နောက်ဆုံးမှာ....jiminတို့သုံးယောက်လုံးအဖမ်းခံခဲ့ရတော့တယ်...ကြိုးတွေနဲ့တုပ်နှောင်ကာ ဝေါယာဥ်ထဲမှာ တစ်ယောက်....လက်ကိုတုတ်ကာ မြင်းနဲ့ဆွဲခံရတာ နှစ်ယောက်....မခံမရပ်နိုင်နဲ့ ပါသွားကြတဲ့ ညီအစ်ကိုသုံးယောက်မှာ....hoseokရဲ့မျက်ဝန်းတွေကာ မီးဝင်းဝင်းတောက်ကာ ပြာကျမတက်....seokjinခင်မျာ ညီလေးနှစ်ယောက်ကိုကြည့်ရင်း မျက်ရည်မဆည်နိုင်....jiminမှာတော့....သတိလစ်လို့ပေါ့....
မြင်းကိုဒုန်းစိုင်းနှင်ကာ ရောက်လာခဲ့ပြီး ကျေးလက်ဒေသလေးဆီတစ်ခေါက်....အိမ်ရောက်တဲ့အခါ....ပစ္စည်းတွေဟာ ကျိုးကျေပြီိး....အိုးတွေဟာလည်း ကွဲလို့ပေါ့....ခြံဝိုင်းလေးထဲ သွေးသံရဲရဲနဲ့ သေလူတွေဟာလည်း တစ်ယောက်ပြီးတစ်ယောက်....အိမ်ထဲကထမင်းဝုိင်းလေးဟာတော့....အငွေ့တောင်မငြိမ်သေး....
ထိုမြင်ကွင်းကြောင့် စို့တက်လာတဲ့ နာကျင်မူ....
"ဟာ...ဒီဟာတွေက.....!!!!
မသေသေးပဲ လက်တစ်ဖက်ပြတ်နေတဲ့ လူဟာဆန့်ငင်ဆန့်ငင်နဲ့...
"ထစမ်း....ဘယ်သူလဲ...ဖြေ!!!!"
အော်သံဟာဟိန်းလို့....မဖြေရင်လောင်ကျွမ်းသွားနိုင်တဲ့ မီးတောက်နေတဲ့ဒေါသတွေကြောင့်....မဖြေလို့မရနိုင်ခဲ့....ကြောက်ကြောက့်နဲ့...ဖြေလိုက်တဲ့နာမည်ကြောင့်....အသိစိတ်အားလုံးလွတ်ထွက်ခဲ့တဲြအထိ...
"ဦးရီးတော်...ဦးရီးတော်ဘန်.....ရှီိယော့..."
"ဘာ....သူပဲလား..."
အံတင်းတင်းကြိတ်ကာ စိတ်အစုံဟာဒေါသကြောင့် ဘာမှမမြင်နိုင်တဲ့အခါ....ကိုင်ထားတဲ့ဓားဟာ ထိုရဲ့လက်ပင်းထက်ကနေ ပွတ်ဆွဲသွားလိုက်တာ သွေးတွေဟာ မြေခခဲ့ပြိီ
"အိမ်ရှေ့စံ....ကျွန်တော်တို့လာတာ စောင့်နေပုံပဲ..."ဆိုကာ...အိမ်လေးထဲထမင်းဝိုင်းကိုပြတော့....ဖြည်မဆည်နိုင်ဖြစ်ရပြန်တယ်.....jiminရယ်
YOU ARE READING
မောင့်မူပိုင်သမားတော်💘
Fanfictionမောင့်ရောဂါက မောင့်မူပိုင်သမားတော်နဲ့မှ ပျောက်နိုင်မှာ... ________________________________ -zawgyi- မောင့်ရောဂါက မောင့်မူပိုင်သမားတော်နဲ့မှ ပျောက်နိုင်မှာ...
~~~29~~~
Start from the beginning
