ချယ်ရီပင်ကြီးအောက်က မျက်ရည်လည်ရွဲနဲ့ကလေးရယ်....ပန်းနုရောင်ဝတ်ရုံလေးနဲ့ ကလေးလေးရယ် ရယ်နေကြတာ လောကကြီးတောင်ပြုံးယောင်သန်းသွားတယ်ထင်ပါ့....

"မသွားပါနဲ့....မသွားပါနဲ့..."

"ပြန်လာခဲ့မှာ jeon...စောင့်နေနော်..."

"ဟင့်အင်း...ဟင့်အင်း...မသွားနဲ့...သမားတော်လေးရယ်....မင်းမရှိရင် ကိုယ်တော်အိပ်မက်ဆိုးတွေမက်လိမ့်မယ်...."

"ပြန်လာခဲ့မယ်Jeon..စောင့်နေနော်...."

"အီး...ဟီး....သမားတော်လေးမသွားနဲ့....မသွားနဲ့....အီး...ဟီး..."

မြင်းလေးနှင်ကာ တရွေ့ရွေ့နဲ့ပျောက်ကွယ်သွားတဲ့ ပန်းနုရောင်လူသားလေကြောင့်...

"မသွားနဲ့...မသွားနဲ့jimin....မသွားပါနဲ့....jimin!!!!!"

မျက်ရည်စက်လက်နဲ့ ချယ်ရီပင်ကြီးအောက် အိပ်ပျော်သွားပေမယ့်...နိုးလာတဲ့အခါလည်း....မျက်ရည်များနဲ့အတူ....မိုးလင်းဖို့အတွက်သာ ဆုတောင်းနေမိမှာ အသေချာပဲ....

"အိမ်ရှေ့စံ....အိမ်ရှေ့စံ!!!!"
ချယ်ရီပင်ကြီးအောက် သခင်လေးနာမည်ကိုအော်ခေါ်ကာ အိပ်မက်ထဲမှာတောင် ထွက်မသွားဖို့ပြောနေခဲ့တာ...နှစ်ယောက်လုံးနာကျင်နေမှာပဲ...

"အိပ်မက်လား....ဟူး...."

"ဒီမှာအိပ်ပျော်နေတာလား....အိပ်ခန်းထဲအိပ်မှပေါ့...အိမ်ရှေ့စံရယ်..."
မျက်ရည်တွေတောင် မခြောက်သေးပါလား...

"ဘယ်အချိန်ရှိနေပြီလဲ..."

"မနက်လင်းခါနီးနေပါပြီ...."

"ပြင်ဆင်ပေးပါ...jiminဆီသွားမယ်..."

"တရေးလောက်အိပ်လိုက်ပါလား...နိုးမှသွားတာပေါ့..."

"မရဘူး...ထပ်ထွက်ပြေးသွားရင်...ဘယ်လိုလုပ်မလဲ..."တဲ့ဗျာ...သူ့ခမျာထပ်ပျောက်သွားမှာစိုးလို့...အိပ်မက်ထဲထိ မသွားဖို့ငိုယိုကာ တားနေပုံ....

မနက်လင်းခါနီးအချိန်က ကျေးလက်တောင်ယာသမားတွေအတွက် ရွေရောင်အချိန်....ကြက်တွန်သံဟာအချိန်နာရီတစ်ခုမို့.....ချက်ပြုတ်သံများကြောင့် အိုးသံခွက်သံများက သာယာစွာထွက်ပေါ်လို့....

မောင့်မူပိုင်သမားတော်💘Donde viven las historias. Descúbrelo ahora