အတိတ်မေ့နေတဲ့မင်းဟာ ကိုယ့်ကိုမှတ်မိဖို့တော့ မိုက်ရူးရဲစွာမတောင်းဆိုပါဘူး....ဒါပေမယ့်ကိုယ်ကတော့ မင်းကိုထိခိုက်မူမရှိအောင် ကာကွယ်ပေးဖို့ မင်းခွင့်ပြုပါ...သမားတော်လေးရယ်..💔

"သူအတိတ်မေ့တာ ကိုယ်တော်ကြောင့်...ကိုယ်တော်...အင့်..."

အိမ်ရှေ့စံအဆောင်တော်နောက်ကဥယျာဥ်လေးထဲ ချယ်ရီပင်ကြီးအောက်...ချယ်ရီပင်ကြီးကိုမှီကာ စကားတွေပြောပြနေခဲ့တာ....သူထွေးပွေ့ချင်တဲ့အကြောင်းတွေ....သူမှားခဲ့မိတဲ့အမှားအကြောင်းတွေ....ဒဏ်ရာတွေပေးခဲ့မိလို့ နောင်တရတဲ့အကြောင်းအရင်းတွေကို....ချယ်ရီပင်ကြီးကို ရင်ဖွင့်နေပေမယ်....ထိုအပင်ကြီးကနားထောင်ပုံပဲ....ရော်ရွက်လေးတွေကြွေကာ ထောက်ခံနေရှာပုံ....

ချယ်ရီပင်ကြီးအောင် သူ့ရင်ထဲအစိုင်အခဲအားလုံးကိုဖွင့်ထုတ်ကာ.တအင့်အင့်နဲ့...အသံတိတ်ရှိက်ရှိက်ငိုနေတဲ့အိပ်ရှေ့စံဟာ မျက်ရည်တွေအဖော်ပြုရင်း အိပ်ပျော်သွားခဲ့ပြီ.....

"အင့်....အင့်....အင့်..."

"ဘာလို့ငိုနေတာလဲဟင်...."

"အင့်...ဘယ်သူလဲ...အင့်..."

"Jimin...park jimin....ငါ့နာမည်..."

"အင့်...အင့်...အင့်..."

"မင်းသက်သာသွားအောင် ဖက်ထားပေးမယ်နော်...လာ..."

"Jeon...အင့်...jeon jungkook...ကိုယ်တော့်နာမည်..."

"ကိုယ်တော်တဲ့လား...ငါ့ထက်ငယ်မယ်ထင်တာကို..."

"ကိုယ်တော်က...အင့်.. အိမ်ရှေ့စံတဲ့ ....အင့်....အထိန်းတော်ကြီးက...အင့်....ပြောတယ်...အင့်....."

"ဟုတ်ပြီ...မငိုနဲ့တော့...မင်းနာကျင်ရတာသက်သာသွားပြီလား....."

"အင်း...သက်သာသွားပြီး...အင့်....မင်းကိုယ်တော်ရဲ့သမားတော်လုပ်မလား..."

"ငါကသမားတော်မှာမဟုတ်တာ..."

"မင်းခဏလေးဖက်ထားပေးတာ...အင့်...ကိုယ်တော်သက်သာသွားပြီ..."

"ဟုတ်ပါပြီ...သမားတော်လုပ်ပေးမယ်....အိမ်ရှေ့စံအတွက်သီးသန့်ပဲ...."

"အင်း...ပျော်လိုက်တာ...သမားတော်လေးရယ်...ဟီး...ဟီး...ဟီး..."

"ဟီး...ဟီး.....ပျော်ရင်ပြီးရော...ဟီး...ဟီး..."

မောင့်မူပိုင်သမားတော်💘Место, где живут истории. Откройте их для себя