"ဘတ်စ်ကားမမီမှာစိုးလို့ ပြေးလာတာလေ
မမြင်ဘူးလား ဟူးး..!
မင်းဘာလို့ ဒီလောက်နောက်ကျရတာလဲ!!!"

"ဘာလို့ စိတ်တိုနေတာလဲ
ငါနောက်မကျပါဘူး အမြဲ ဒီအချိန်ပဲဟာကို"

ခေါင်းလေးငုံ့လျက် လက်သည်းတွေကို ကစားကာ ပြန်ဖြေတော့ ဘတ်ဟျွန်း သူအော်မိတာ နောက်တပင်ရသွားသည်။

ဟုတ်တယ် ချန်းယောလ် နောက်မကျဘူး
ဘတ်ဟျွန်းက စောနေတာ။

"မဟုတ်ဘူး ငါက
ချန်း‌ယောလ် ကျောင်းနောက်ကျမှာစိုးလို့
စေတနာနဲ့ပြောတာ"

"တကယ်လား ဘတ်ဟျွန်း"

ထိုအခါမှ ခေါင်းမော့လာပြီး မျက်စောင်းလေးနဲ့ ချန်းယောလ်ကကြည့်လာသည်။

"တကယ်ပေါ့"

ဘတ်ဟျွန်း ပြေးလွှားထားတော့ ပတ်ထားတဲ့ မာဖလာကြီးတောင်မလိုတော့။ သွေးပူသွား၍ ခုနက ချမ်းနေတဲ့လူက ပူအိုက်သွားရသည်။

သို့ပေမယ့် ချန်းယောလ်ကိုကြည့်တော့ မာဖလာလည်းမပါ။ ပြာနေသောနှုတ်ခမ်း‌ တွေကအေးနေမှန်း သိသာလှသည်။

"Arshii ပူလိုက်တာကွာ ပြေးလာရတော့ ‌ချန်းယောလ် ရော့ ဒီမာဖလာ မင်းပဲပတ်ထားလိုက်တော့"

မာဖလာကိုချွတ်ကာ ချန်းယောလ် လည်ပင်းမှာ ပတ်ပေးကာ ‌ပါးအိအိလေးတွေထိမြုပ်နေအောင် ရစ်ပတ်ပေးလိုက်သည်။

"ငါ့ကို ဘာလို့ကောင်းပေးတာလဲ ဘတ်ဟျွန်း"

ရုတ်တရက်မေးလာသည်မို့ ဘတ်ဟျွန်း ခြေလှမ်းတွေ လေးလံသွားရသည်။ ချန်းယောလ်ကို ထူးထူးဆန်းဆန်း ဂရုစိုက်ပေးချင်သည်။ ကောင်းပေးချင်သည်။ ညတိုင်း မနက်တိုင်း သူ့အကြောင်းကို မပါမဖြစ် တွေးနေမိသည်။

ငါ ဘာလို့ သူ့ကိုကောင်းပေးနေရတာလဲ။

"ဟမ်လို့ ဘတ်ဟျွန်း"

"အော် အင်း
ငါက လူတိုင်းကို ကောင်းပေးတယ်"

"မဖြစ်နိုင်ဘူး"

"ဘာ!!?"

"ကျောင်းစတက်တဲ့နေ့က ကြားလိုက်တာ
ဘတ်ဟျွန်းက အနိုင်ကျင့်တတ်ပြီး အကျင့်မကောင်းဘူးတဲ့ ဘယ်သူ့အပေါ်မှလည်း မကောင်းပေးဘူးတဲ့ ပြီးတော့...."

My Cutest Little Boy [ COMPLETED ]Where stories live. Discover now