ဒီလိုနန်းပြင်ကနိမ့်ကျသည့်အစားအသောက်မျိုးတွေကို မင်းသားလေးအားသူဘယ်လိုကျွေးအံ့။

နန်းတွင်းထဲတွင်အကောင်းတကာ့အကောင်းဆုံးမုန့်ပဲသရောစာ အစားအသောက်တွေကိုရွှေခွက်ရွှေဇွန်းတွေနှင့်စားကာကြီးပြင်းလာခဲ့သည့် ဘုရင့်သားတော်။ မတော်အပြင်ကနိမ့်ကျသည့်အရပ်သားတို့သာစားသည့်မုန့်ပဲသရေစာတွေစားပြီး တစ်ခုခုဖြစ်မှာမျိုးသူမဖြစ်စေချင်။

သူအပြစ်ဒဏ်ထိကာဘုရင့်အမျက်တော်ရှမည်ဆိုတာထက် မျက်စိရှေ့ကနုနုနယ်နယ်မင်းသားလေးကိုစိတ်ပူနေသည့်စိတ်ရင်းကြောင့်သာပင်။

"မုန်းတယ် ချွဲဆူဘင်းကြီး...ခင်ဗျားကြီးကိုကိုယ်ရံတော်ရာထူးကနေအလုပ်ဖြုတ်ပြီ!"

​ရွှေစိတ်တော်လေးအမျက်ရှပြန်သည့်အခါတိုင်းလည်း သူ့အားအလုပ်ဖြုတ်လိုက်စိတ်ကောက်လိုက်နှင့် ခြေင်္သ့ပေါက်လေးမာန်ဖီနေသည့်အတိုင်း။

-
-
-
-
-
-
နန်းတွင်းထဲမင်းသားလေးထယ်ယောင်း ပြန်ရောက်လာကတည်းကမင်းကြီးမှာသားတော်ထိခိုက်လာသည့်သတင်းကြောင့် အလွန်အမင်းစိုးရိမ်လျက်ရှိသည်။

တကယ်တော့ခြေကျင်းဝတ်အနည်းငယ်နာရုံကလွဲပြီး ကြီးကြီးမားမားဘာမျှမထိခိုက်သော်ငြား ခမည်းတော်မင်းကြီးကိုယ်တိုင်ကစိုးရိမ်နေတော့ နန်းတွင်းသမားတော်တွေလဲမနေရ။

မင်းကြီးကမင်းသားလေးထယ်ယောင်းကိုဆို သိသိသာသာသည်းသည်းလှုပ်သည်ဆိုတာကိုအကုန်သိကြသည်မလို့ မင်းသားလေးအဆောင်တွင်သမားတော်တွေပြာယာတွေခတ်နေကြသည်။

ထယ်ယောင်းခြေထောက်ကိုဆေးပတ်တီးလေးစည်းပြီးသည်အထိမင်းကြီးကညီလာခံဖျက်ကာပင် ဘေးနားကနေထိုင်စောင့်ကြည့်နေရှာသည်။

"ယောင်းလေး နာနေသေးလား? အရမ်းနာရင်ခမည်းတော်ကိုပြော ခမည်းတော်ဆေးကျိုခိုင်းပေးမယ်"

"သားအဆင်ပြေပါတယ်ခမည်းတော် ...မနာတော့ပါဘူး"

"ဘယ်လိုငမိုက်သားကများဈေးထဲမှာလှည်းကိုအရှိန်နဲ့မောင်းဝံ့သလဲ ငါတို့ယောင်းငယ်လေးတစ်ခုခုဖြစ်ရင်ခမည်းတော်ရင်ကျိုးရချည်ရဲ့"

ကြင်ယာတော်ကင်မ် {𝐂𝐨𝐧𝐬𝐨𝐫𝐭 𝐊𝐢𝐦}حيث تعيش القصص. اكتشف الآن