တဖန်အိမ်ရှေ့စံကဒဏ်ရာရသွားသည့် ညီမဝမ်းကွဲယယ်ဆွန်းက်ိုပါအိမ်တော်သို့အရင်ပြန်စေနှင့်ပြန်သည်။ နန်းပြင်ထွက်ကြသည့်နေ့မှာပဲ ကိစ္စအချို့ဖြစ်သွားသည်မလို့ ကျန်နေခဲ့သည့်အရှင့်သားနှစ်ယောက်လုံးလဲ စိတ်တွေကမကြည်လင်ကြတော့။

နှစ်ယောက်လုံးရဲ့စိတ်တွေဟာ နန်းတွင်းသို့အရင်ပြန်သွားနှင့်လေပြီဖြစ်သည့်မင်းသားငယ်လေးဆီတွင်သာရှိနေခဲ့ကြသည်။

-
-
-
-
-
-

"ဝါး အဲ့တာလေးကစားလို့ကောင်းမယ်ပုံပဲ~~ "

ဆန်မုန့်သားချိုချိုပျော့ပျော့လေးတွေကို လုံးထွေးပြီးနှမ်းစေ့လေးတွေအပေါ်မှဖြူးထားသည့်ဆန့်မုန်သည်ကိုတွေ့တော့ ယောန်ဂျွန်းမျက်လုံးလေးတွေတလက်လက်။ ဘေးနားကကိုယ်ရံတော်ချွဲကိုမျှော်လင့်တကြီးလှည့်ကြည့်မိတော့ ခေါင်းခါပြသည်မလို့ယောန်ဂျွန်းမှာနှုတ်ခမ်းလေးတွေစူခနဲ။

"နိမ့်ကျတဲ့အစားအသောက်တွေကို စားဖို့မသင့်တော်ပါဘူးမင်းသားလေး"

"ဟွန့်"

သူ့အားမျက်စောင်းတွေရောနှုတ်ခမ်းတွေနှင့်ပါထိုးကာခြေဆောင့်ပြီးထွက်သွားသည့်မင်းသားငယ်လေးနောက်သို့သူ့မှာလိုက်ရပြန်သည်။

တဖန်မုန့်ချိုလုံးတွေရောင်းသည့်ဈေးတန်းဖက်သို့ပြေးသွားပြန်သည့် မင်းသားပေါက်စလေးကြောင့်သူ့မှာစားဖို့တကဲကဲလုပ်နေသည့်မင်းသားလေးကိုလိုက်ဆွဲရပြန်သည်။

"ဆူဘင်း ဆူဘင်း ဟိုမုန့်စားချင်လို့..."

"ဟိုကြက်ခြေထောက်အစပ်စားကြည့်ချင်တယ်"

"ဆူဘင်း ဆူဘင်း ဟိုဖက်သွားရအောင် "

"ဆူဘင်း ဆူဘင်း ဆောင်ကြာမြိုင်သွားချင်တယ်"

"ဆူဘင်း ဆူဘင်းဟိုဆိုင်သွားကြည့်မယ်"

သူ့နာမည်ကိုအထပ်ထပ်အခါခါခေါ်ရင်း လည်ပတ်နေသည့်အချိန်တိုလေးအတွင်း သူခစားရသည့်မင်းသားသေးသေးလေးခေါ်သမျှဈေးအနှံ့မရောက်သည့်နေရာမရှိလိုက်။

အခုလည်းပျားရည်မုန့်ချိုလေးကိုစားချင်လို့ ခုန်ဆခုန်ဆွလုပ်နေသည့်မင်းသားလေးကြောင့် ကိုယ်ရံတော်ချွဲမှာသက်ပြင်းချလိုက်မိသည်။

ကြင်ယာတော်ကင်မ် {𝐂𝐨𝐧𝐬𝐨𝐫𝐭 𝐊𝐢𝐦}Where stories live. Discover now