"ဟင် ဒါက……"

  "ရွှီ ရွှီ……"

   မြွေတစ်ကောင်လုံးအသွင် ချက်ချင်းပြောင်း
သွားလေတဲ့ ဦးညှို့နက်။ အသွေးမြတ် လန့်တုန်
ကာ နောက်ဆုတ်မယ် ပြင်လေတော့ သူမ ဦးညှို့နက်
လည်ပင်းအထက် ဆွဲချည်ပေးလိုက်တဲ့ အဆောင်
ကြိုးကြောင့်ဆိုတာ သိလိုက်ရတဲ့အခါ……

  တိတ်ဆိတ်တဲ့ အိမ်ကြီးထဲ ဝင်လာသော
လက်နက်ကိုင် လူတစ်စု။

  တချို့က ဂါထာတို့ကို မန်းမှုတ်နေသလို
တချို့ကတော့ လက်နက်တို့ကို မောင်း
တင်ကိုင်ထားလေရဲ့။

   တချို့ကတော့ ပြုံးပြုံးကြီး ကြည့်နေ
လေတဲ့ ဖခင်ဖြစ်သူ ဦးမြတ်သျှန်ထွန်း
အနားတွင် ကာကွယ် ဝန်းရံလျက်။

  " ဒုတ် "
     မကြာလိုက်။အသွေးမြတ်အဖို့ နောက်စေ့ကို အနှက်ခံလိုက်ရချိန် ရုန်းကန်ဟစ်အော်နေတဲ့ မြွေ
သတ္တဝါဆိုးကြီးကို မှုန်ဝါးဝါး မြင်ခဲ့ရလေ  ပြီးခဲ့ သည့်နောက်……

  ဤသည်မှာကား သူမ ချစ်ရလေသော သူကို
နောက်ဆုံးအနေဖြင့်သာ တွေ့ခဲ့ရလေခြင်း
ဖြစ်ခဲ့ရသလို နောက်ဆုံးသော………။

-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-

Chapter 6

               နှစ်အတော်အတန်ကြာ ကုန်လွန်
ပြီးသည့်နောက်……။

             ကောင်ငယ်လေးကား တစ်နေရာသို့
ပြေးမြဲ ပြေးနေလေသည်။ မရပ်မနား ပြေးနေ
ရာက မိခင်ဖြစ်သူတို့ ရှိရာ မှန်းဆ အော်လိုက်
လမ်းရှာ ပြေးလိုက်ဖြင့် ကောင်လေးခမြာ ရတက်
မအေးဖွယ်ရာ……

   " ဟင် မေမေ မေမေ သား ဒီမှာဗျ "

     ညှို့မှိုင်းသခင် ခမြာ တစ်ဖက်လမ်းမ
ထက်က မိခင်ဖြစ်သူကို လှမ်းအော်နေ
မိလေသည်။

   " အမေ လာနေပြီ ဒီ ဒီမှာ သား သားလေး
  မေမေ ဒီမှာလေ"

   ညှို့မှိုင်းသခင်ဆိုတဲ့ကောင်လေး တွေးရ
ခက်နေလေသည်။ မိခင်ဖြစ်သူ ရှိရာကို သွား
လိုပေမယ့် ဟင်းလင်ပြင် လယ်ကန်သင်း
မြေကွက်လပ်မှာကား မြွေအကောင်ပေါင်း
များပြားစွာ သူ့ဆီ ဦးတည် လာနေကြလေ
ပြီ။

Love + Love [Normal Fiction]On viuen les histories. Descobreix ara