ကိုယ်သဘောကျတဲ့သူဆီကနေ အာရုံစိုက်ခံရခြင်းဟာ ဘယ်လောက်တောင် ကံကောင်းလိုက်သလဲ...

"မင်း ငါအမြဲဂိမ်းဆော့နေတာကို သတိထားမိနေတာလား ဘတ်ဟျွန်းက မဆော့စေချင်ရင် ငါမဆော့တော့ဘူး အခုပြောလိုက်"

ထိုအခါ ဘတ်ဟျွန်း က နားမလည်သည့် အနေအထားကိုရောက်ရှိသွားသည်။

ဆယ်ဟွန်း သူဘာတွေပြောနေပါလိမ့်....!

"အော်....အင်း မဆော့တာပိုကောင်းတယ် မဆော့နဲ့တော့ ဆယ်ဟွန်း"

"ပြီးရောလေ မင်းကမဆော့စေချင်တော့ဘူးဆိုတော့လည်း ဖျက်လိုက်တာပေါ့"

ဂိမ်းကို ချက်ချင်းထွက်လိုက်ကာ ဖုန်းထဲကပါ uninstall လုပ်ပစ်လိုက်တဲ့ ဆယ်ဟွန်းကြောင့် ဘတ်ဟျွန်း အံ့ဩလွန်းလို့ မျက်လုံးများပင်ပြူးသွားရသည်။

"မဆော့တော့ဘူး ဂိမ်း account ကိုလည်းဖျက်လိုက်မယ်"

"ရားး ဆယ်ဟွန်း skin တွေအများကြီးမလား
နှမြောစရာကြီးကွာ"

"မင်းပဲဖျက်ဆို"

"အဲ့တာတော့ အဲ့တာပေါ့"

ဆယ်ဟွန်းရဲ့ လုပ်ရပ်တွေကို ကြည့်ပြီး ဂျုံအင်နဲ့ ဂယောင်ဆူးက လက်ဖျားတွေခါနေသေးသည်။

"ဂျုံအင် သူနေများကောင်းရဲ့လား အထူးအဆန်းတွေလုပ်လို့..."

"အင်း ဖြစ်နိုင်တယ်"

💌 ~

လူခေါ်ဘဲလ်ကို အခါခါ နှိပ်နေပေမယ့် တံခါးဖွင့်မလာတဲ့ အိမ်‌ရှင်တွေကို ဘတ်ဟျွန်း စိတ်မရှည်တော့။ ချန်းယောလ်တို့အိမ်ကို မြင်လိုက်တာနဲ့ အေးတိအေးစက်အရသာကို ဘတ်ဟျွန်းခံစားနေရသည်။

ဘတ်ဟျွန်းတွင် ညီမတစ်ယောက်၊ အစ်ကိုတစ်ယောက်ရှိသေးသည်မို့ ဘတ်ဟျွန်းတို့အိမ်က ဆက်ဆံရေး သိပ်မပြေလည်ကြပေမယ့် အေးစက်စက်အနေအထားမျိုးတော့ မဟုတ်။ အစ်ကိုအကြီးဆုံးရဲ့ သားနဲ့သမီး ရှိတာမို့ အိမ်က တူ၊တူမတွေကြောင့် စိုပြေပြီး ငြီးငွေ့စရာမကောင်းနေပါ။

ချန်းယောလ်တို့အိမ်ကတော့ ကျယ်ပြီး အလွန်တိတ်ဆိတ်သည်။ အိမ်တွင် လူပင်နေရဲ့လားဟု ပြန်စဉ်းစားစရာဖြစ်ရသည်။

My Cutest Little Boy [ COMPLETED ]जहाँ कहानियाँ रहती हैं। अभी खोजें