part11(zawgyi)

Comincia dall'inizio
                                    

  " ဟူး…… တော်ပါသေးရဲ့……"

     ဦးညှို့နက် လက်ဖျံက မြွေအရေခွံသမ်း
လာတာကို ကုတ်ခြစ်လို့ သက်ပြင်းတ
ပြင်ပြင် ချနေမိလေတော့သည်။ အိပ်ရာ
ထက် သူထိုင်နေလေတော့ မကြာလိုက် ရှည်
ထွက်လာတဲ့ ခြေထောက်ကနေ ပြောင်းသွား
တဲ့ မြွေအမြီးကြီး။

     ရှေ့တည့်တည့်ဆီက မှန်ကို ငေးကြည့်မိ
စဉ် လျှာကို ထုတ်ကြည့်လေတော့ လျှာနှစ်ခွ
နဲ့ မြွေလူသား တစ်ယောက်။

   ကျိန်စာသင့်ခဲ့ရလေသော မြွေလူသား
ဦးညှို့နက်။ ဖြေဆေးအနေနဲ့ မိန်းမတစ်
ယောက် အသွေးအသားကို စားသုံးပါမယ်
ဆိုကာမှ သွေးဆိုတဲ့ ကလေးမကြောင့် သူ့
အတွက် အစာငတ်ခဲ့ရပြီ။

       အိမ်အပြင်မှာကား လ က ထိန်တောက်
သာယာ နေလေသည်။

ထိုစဉ်……

   အိမ်ခန်း တံခါးမှ မြွေအနက်ကြီး တစ်ကောင်
လည်း လျောဆင်းသွားလေသည်။ ထို့နောက်…

  ထို့နောက်တော့………

         အမှန်တော့လည်း ဦးညှို့နက် ဆိုသူကား
ကျိန်စာသင့်နေလေသော မိစ္ဆာတစ်ပိုင်း လူသား
တစ်ယောက်သာတည်း။

     တစ်ဆက်တည်းဆိုသလို ကားတစ်စင်းသည်
လည်း တစ်နေရာကို အရှိန်ပြင်းပြင်းဖြင့် မောင်း
ထွက်ခဲ့တာမို့ အိမ်ကြီးကား တစ်ကိုယ်တည်း
ခြောက်ကပ်ဆိတ်ငြိမ်လွန်းစွာ ကျန်ခဲ့လေတော့
ပြန်သည်။

  အသွေးမြတ် လန့်တုန်နေမိလေပြီ။
ဇတ်ပိုးထက် မြင်လိုက်ရတဲ့ မြွေအကြေးခွံ
တွေနဲ့ ဦးညှို့နက်။

   သွေးလန့်ချောက်ချားလို့ ဒယ်ဒီဖြစ်သူကို
ဖုန်းခေါ်ပေမယ့် ခေါ်မရ။ မရက်မနားခေါ်
လေမှ ဟဲလို လုပ်လာလေရဲ့။

  " အေး သမီး ပြော "
"ဒယ်ဒီ သမီးကိုလေ ဦး……"
"ဟင် ဘာ ဘာ ဖြစ်တာလဲသမီး ဒယ်ဒီလာ
လာခဲ့မယ် အခု အိမ် အိမ်မယ်လား"

"ဟင့်အင်း မလာနဲ့ဒယ်ဒီ သေချာတယ်
ဦး ဒယ်ဒီဆီ လာနေလောက်ပြီ"
"အိုကွယ် ဒယ်ဒီအတွက် မပူစမ်းပါနဲ့
အခုသမီး ဒယ်ဒီရှိရာကိုမလာနဲ့ ဟိုကောင်
လိုက်လာနေလိမ့်မယ်"

"ဟုတ် ဟုတ်ကဲ့  ဒယ်ဒီ ဒါပဲနော်"

   ဖခင်ကို ပြောပြီးသည်နှင့် ညအမှောင်မှာ
မီးဖွင့်မောင်းနေဆဲ ဆယ်နှစ်ပေခန့် မြင့်
သော ပါးပြင်ထောင်နေတဲ့ မြွေဟောက်
နက်နက်ကြီးတစ်ကောင်။ အသွေးမြတ် မရဲ
တရဲနဲ့ ကားထဲကနေ ငုံ့ငဲ့စောင်းကြည့်လေ
တော့ လူတစ်ယောက်ကို ဝါးမျိုနေလေတဲ့
မြွေကြီး။

  
  အကြောက်လန့်တကြားနဲ့ သွားမယ့်လမ်း
ရှေ့ ပိတ်ဆီးတားထားသလိုရှိတဲ့ ထိုသတ္တဝါ
ကြီးကြောင့် အသွေးမြတ် နားကိုအုပ် မျက်လုံး
ကို စုံမှိတ်ကာ အော်ပစ်မိလေတော့သည်။

"ဟင်……"

  သို့ရာတွင် သူမ အပြစ်လုပ်မိခဲ့ပြီလား
မသိလေတော့………

   ပျောက်သွားလေတဲ့ မြွေကြီး။

  အသွေးမြတ် သတိပြန်ဝင်တာနဲ့ ကားကို
စက်နှိုးလို့ အမြန်မောင်းထွက်ခဲ့လေတော့
သည်။ အိမ်တစ်အိမ်ထံ မောင်းလာမိခဲ့လေ
သည်။ ထိုအိမ်ကတော့ သူမ အနားယူနေကြ
နေအိမ်သာ။

    သူမကားကို စက်သပ်လိုက်ချိန်
လူသူမဲ့နေတဲ့ အိမ်ကြီးထဲ ဝင်ရမှာ
တောင် သူမအဖို့ ခပ်လန့်လန့်။

   "ရွှီ ရွှီ……"

  မြွေတွန်သံလိုလို မြည်သံအချို့။

             အိမ်ကြီးပေါ် တက်သွားလေတဲ့
လူနှစ်ဖက် ဖက်စာလောက်ကြီးတဲ့ ကိုယ်
ကြီးနဲ့ မြွေအနက်ကြီး တစ်ကောင်။

     ပူပန်စိတ်နဲ့ ပြေးနေလေတဲ့ မိန်းကလေး။
လှပခမ်းနားတဲ့ အိမ်ရဲ့ တံခါးမကြီးကို ဖွင့်ဝင်
ပြီးနောက် မီးခလုတ်တို့ကို ဖွင့်လိုက်သည်နဲ့
တလက်လက်တောက်ပနေတဲ့ လှေကားလှလှ
ကြီးများ။

  အသွေးမြတ်လျှံခြယ်ဆိုတဲ့ ကောင်မလေး
ပူစရာကို ခေတ္တမျှလောက် မေ့ထားပြီးနောက်
လှေကားထစ်ကြီးဆီ တစ်လှမ်းဆီ လှမ်းတက်
လာစဉ် ရိပ်မိုးထိုးကြနေတဲ့အရိပ်။

"အား…… မြွေ မြွေကြီး အား အား ဒယ်ဒီ

ဒယ်ဒီ"

  အကြောက်အားကြီးကာ ထွက်ပြေးလေတော့
လှုပ်ရှားလာတဲ့ မြွေကြီး………

  ထိုမြွေကတော့……။

အပိုင်း ၁၂မျှော်
blackclock|7:13pm-Nov 3-2021/Wed

(စိတ်ကူးသက်သက်သာ ဖြစ်ပါသည်။)

Love + Love [Normal Fiction]Dove le storie prendono vita. Scoprilo ora