ကျောက်ကျန်ရှန်းက လက်ကိုမြှောက်ပြီး တုတ်နဲ့ သူ့ကို ရက်ရက်စက်စက်ရိုက်တယ်။
‘‘မင်းက အကောင်းပြောလို့ပြောမှန်းမသိဘူးပဲ”

ရင်းချဲယ်က အော်သံကိုထိန်းထားရင်းပဲ ကြမ်းပြင်ပေါ်လဲကျသွားပြီး နှစ်လိမ့်သုံးလိမ့်လူးလိမ့်တယ်၊ သူ့အဖြစ်က လှုပ်ရှားမှုတွေရပ်မသွားခင်အထိ ဖလပ်ဖလပ်ဖြစ်နေရမယ့် သောင်ပြင်ပေါ်က ငါးတစ်ကောင်လိုပဲ။

နှစ်ချက်လောက်ရိုက်အပြီးမှာတော့ ငြိမ်ကျသွားတယ်။

ခွန်အားနည်းနည်းမှ မရှိတော့ပဲမူးဝေလာတယ်

‘‘သေချင်ယောင်ဆောင်နေပြန်ပြီပေါ့? လောင်ဇီက ထပ်ပြီးအလှည့်စားခံမယ်လို့ ထင်နေလား?”
ကျောက်ကျန်ရှန်းက စီးကရက်တစ်ဘူးကိုထုတ်လာပြီး တစ်ချောင်းကိုယူ မီးငြှိပြီးမှ နှုတ်ခမ်းကြားမှာခဲရင်း ဖုန်းကိုကိုယ်တိုင်ခေါ်တယ်။

‘‘ဖာ့ခ် ဒီကောင် တကယ်ကြီး ချသွားတာပဲ”

ရင်းချဲယ်က ရယ်တယ်။
‘‘အဲ့တော့ မင်းအစီစဥ်က ကျရှုံးသွားတာပေါ့?”

ထိုစကားတွေက ကျောက်ကျန်ရှန်းကို မီးမွှေးပေးလိုက်သလိုပါပဲ။
‘‘ဒီဖေ..အဲ့ဒီကျန့်ဆိုတဲ့ကောင်ကတောင် သူ့ရည်းစားကိုမလိုချင်တော့မှတော့ ငါတို့ကဘာလို့ယဉ်ကျေးနေဦးမှာလဲ၊ သူ့ကိုချုပ်ထားလိုက်ကြ”

ဘေးကလူတွေက ချက်ချင်းပဲထလာတယ်။ ကြိုးကိုဖြည်ပြီး သူ့လက်တွေခြေတွေကို ချုပ်ထားကြတယ်။ ကျောက်ကျန်ရှန်းက သူ့ဗိုက်ကိုကန်တယ်၊ နောက်တော့ stun batonကိုဖွင့်ပြီး ဘယ်ညာရမ်းပြတယ်။
‘‘ဘယ်လိုပဲဖြစ်ဖြစ် ဒီပစ္စည်းက သေလောက်တဲ့ထိတော့ ဖြစ်မှာမဟူတ်တော့ ဒါလေးနဲ့အချိန်နည်းနည်းဖြုန်းပြီး ဘယ်သူအရင်အရှုံးပေးမလဲ ကြည့်ကြတာပေါ့”

batonကိုယ်တိုင်က သိပ်ပြီးအနာကြီးမဟုတ်တာကြောင့် ကျောက်ကျန်ရှန်းဟာလည်း သူ့ကိုကြမ်းကြမ်းတမ်းတမ်းထိုးနှက်ဖို့အရေး သိပ်ပြီး နှောင့်နှေးမနေပါဘူး။

အဲ့ဒီအစား တစ်ဆစ်ဆစ်နာနေတာက သူ့ရင်ထဲက။

ရင်းချဲယ် အရေးကြီးအစိတ်အပိုင်းတွေကို အတတ်နိုင်ဆုံးကာကွယ်ထားလို့ရအောင် ကုပ်ကွေးထားမိတယ်၊ ဒါပေမယ့် လျှပ်စီးကြောင်းက သူ့ကိုယ်ကချောင်တွေအကြိုအကြားတွေ အားလုံးထိကို ပျံ့နှံ့၀င်ရောက်တယ်။

Pay Attention To Me [Myanmar Translation]Where stories live. Discover now