‘‘ကောင်းပြီ၊ မင်းတို့နဲ့လိုက်ခဲ့မယ်”

ပိုင်ယွိဝေက သူ့ကိုပြန်ဆွဲထားတယ်။
‘‘နင်တကယ်သွားမလို့လား?”

ရင်းချဲယ်လည်း သူမလက်ဖမိုးကိုပုတ်ပြီး ခပ်တိုးတိုးနှစ်သိမ့်ပေးလိုက်တယ်။
‘‘အဆင်ပြေမှာပါ၊ ကျန့်ယောင်က မင်းကိုလာကယ်လိမ့်မယ်”

လမ်းကြားအတိုင်း အကွေ့တွေခုနစ်ကွေ့ရှစ်ကွေ့လောက်ကွေ့ပြီး ကျောက်ကျန်ရှန်းက သူတို့ကိုစက်ရုံဟောင်းတစ်ခုဆီ ခေါ်သွားတယ်။ နောက် သူတို့လက်တွေကိုနောက်ပြန်ကြိုး ခပ်တင်းတင်းတုပ်တယ်။

‘‘ဒီမှာပဲနေ၊ အဲ့ဒီကျန့်ဆိုတဲ့ကောင်ကို ငါသွားခေါ်လိုက်ဦးမယ်၊ သူတို့ကိုသေချာစောင့်ကြည့်ထား”

ဖန့်ဟွေနဲ့ ကျန်သူတွေက ခေါင်းငြိမ့်ပြတယ်။

ရင်းချဲယ် လက်ကောက်၀တ်ကိုလှုပ်ရှားကြည့်ပေမယ့်လည်း ကြိုးကိုဖြေမရတာမို့ လက်လျှော့လိုက်ရတယ်။

အမှန်တော့ သူအဲ့လောက် မကြောက်ပေ။ ကျောက်ကျန်ရှန်းနဲ့ အဲ့ကလေကချေကောင်တွေဆိုတာက ပိုင်နက်နယ်မြေနဲ့ပက်သက်လို့ ရန်ဖြစ်တာလောက်က ဘာမှအထူးတဆန်းမဟုတ်ချေ၊ တကယ်တမ်း အန္တရာယ်ပြုကြစတမ်းဆိုလျှင်တော့ သူတို့မှာသတ္တိမရှိဘူးရယ်။

ရင်းချဲယ် ပိုင်ယွိဝေကို လှည့်ကြည့်လိုက်တယ်။ သူမက အနည်းငယ်စိုးထိတ်နေပုံပေမယ့် အရမ်းကြီးကြောက်နေဟန်တော့မတူ။
‘‘မင်းက တော်တော်လေး သတ္တိရှိတာပဲ၊ တခြားကောင်မလေးတွေသာဆို အော်ငိုနေလောက်ပြီ”

‘‘နင်လည်း အတော်လေး အေးဆေးဖြစ်နေတာပဲမဟုတ်လား?”
ပိုင်ယွိဝေက ပြန်အမေးပြုတယ်။

‘‘ငါငယ်ငယ်တုန်းက ပြန်ပေးဆွဲခံရဖူးတယ်၊ အဲ့ဒါနဲ့စာရင် ဒါကဘာမှမဖြစ်လောက်ပါဘူး” 

‘‘....”
ဖန့်ဟွေတစ်ယောက် ဆို့နင့်သွားတယ်။
‘‘မင်းမျက်လုံးထဲမှာ ငါတို့ကဘာမှမဖြစ်လောက်ဘူးပေါ့လေ?”

ရင်းချဲယ်က သူ့ဘက်ကိုလှည့်ကြည့်လာပြီး
‘‘ဒါနဲ့ မင်းကိုတစ်ခုလောက်တောင်းဆိုလို့ရမလား?”

Pay Attention To Me [Myanmar Translation]Where stories live. Discover now