ခေါင်းကို ခါယမ်းလို့ စာအုပ်ကိုပြန်ကြည့်ရသည်။ ဘာ‌ပဲဖြစ်ဖြစ် လျှောက်ခဲ့ပြီးသားလမ်းမို့ ရှေ့ဆက်ရုံကလွဲရင် မရှိတော့ဘူးမို့လား။

စာထဲ ပြန်စိတ်ဝင်စားပြီး ဘယ်လောက်မှမကြာ တကျွိကျွိမြည်နေသည့် တံတားသံနှင့်အတူ ခဲရောင် Wishကားတစ်စီးက အိမ်ဘက်ကိုဝင်လာတာမို့ ချစ်နိုင်းမတ်တပ်ရပ်လိုက်မိသည်။ သူ့စိတ်ထဲ ချက်ချင်းပျော်တက်သွားကာ ခြေတံရှည်တွေက စေ့ထားသည့်ဝန်းတံခါးဆီ ဦးတည်ပြေးတော့၏။ ပါးစပ်ကလဲ အော်သံမပျက်။

"ဖေဖေ!!!!"

ခြံတခါးကို ဖွင့်ပေးပြီး မြှောက်ကြွမြှောက်ကြွဖြစ်နေတုန်း ကိုကိုကလဲအိမ်အပြင်ထွက်လာခဲ့ပြီ။ ဖေဖေကားရပ်ပြီးတာနှင့် အနားရောက်သွားတဲ့သူတို့နှစ်ယောက်။ ကိုကို့အရပ်ကြီးက
ချစ်နိုင်းဘေးမှာ ပိုရှည်လျားလို့နေသည်။

"သားတို့!!"
တံခါးဖွင့်သည်နှင့် ဖေဖေအသံကနွေးထွေးစွာ။ အပြုံးတို့ဟာ ဖေဖေရဲ့မျက်နှာညိုညိုထက်ပြည့်နှက်နေပြီး ချစ်နိုင်းကိုကြည့်နေပုံက အင်မတန်ကြည်နူးစရာကောင်းလှသည်။

ကားအပြင်ရောက်သည်နှင့် ဖေဖေ့လည်ပင်းကနေ ခိုဖက်ကာချွဲနေသည့် ချစ်နိုင်းကျော
ကို ဖေဖေက ခပ်ဖွဖွပုတ်ပေး၏။ဖေဖေ့ လက်ဝါးတွေက အရင်ကလိုအကြီးကြီးဖြစ်မနေတော့။ တစ်နှစ်ထက်တစ်နှစ် ချစ်နိုင်းထွားလာတာကြောင့်ဖြစ်မည်။

"ဖေဖေကလဲ တစ်ခေါက်လာတိုင်း
ပိန်ပိန်သွားတယ်"
ချစ်နိုင်းရဲ့ မကျေမနပ်သံကို ဖေဖေကအပြုံးနှင့်သာတုန့်ပြန်ရှာသည်။ အလုပ်ပင်ပန်းတာကြောင့်လားမသိ ဖေဖေ့ပုံစံကနွမ်းလျနေ၏။ဒီနှစ်တွေထဲ ပိုပြီးပိန်သွားတာ ချစ်နိုင်းသတိထားမိသည်။ခြံကိစ္စတွေနှင့် အလုပ်ရှုပ်လွန်းသည့်ဖေဖေက တစ်လနေလို့တစ်ခေါက်တောင်ချစ်နိုင်းနှင့်မတွေ့နိုင်။ ငွေလှမ်းပို့ပေးပြီး ဖုန်းနှင့်သာအဆက်သွယ် လုပ်ဖြစ်ကြတာများသည်။

"အန်ကယ်သူရ နေကောင်းရဲ့လားဗျ"

"ကောင်းပါ့ မောင်သျှမ်းထက်ရယ်။
အန်ကယ်က သားကိုတောင်ပြန်မေးရမှာ။အလုပ်ခရီးတွေကတစ်မျိုး၊ ချစ်နိုင်းကတစ်မျိုးနဲ့ သားတော့ တော်တော်ခေါင်းခဲမှာပဲ"

နေခြည်ထွေး၍ နွေးပါစေ(COMPLETED)Where stories live. Discover now