မြင်းလေးရောက်တက်ရာရာနှင်လာလေတဲ့ အိမ်ရှေ့စံဟာ ပြောင်းခင်းတွေရဲ့ အဆုံးမရောက်ခင်းလေးမှာ ရယ်သံလွင့်လွင့်လေးဟာ လေအဝှေ့နဲ့တိုးဝင်လာလေတော့.....ပထမဆုံးစဥ်းစားမိတဲ့ ချစ်ရသူအသံဖို့ နှလုံးသားဟာသေချာစေဖို့ အလုပ်လုပ်ခဲ့ပြီး ဦးနှောက်ကလည်း ရှာဖွေသတ်မှတ်နေပြီ....တွေ့လိုက်ပါပြီ....ပြောင်းခင်းထဲကချစ်ရသူ....ကလေးလိုပြေးလွှားဆော့ကစားနေတာ အရင်ကလိုပဲချစ်စရာအတိ....

"Jimin.....jimin.....jimin.."
မြင်းပေါ်ကအမြန်ဆင်းပြီး ပြေးလွှနေတဲ့ကိုယ်လုံးလေးကို အပြေးအလွှားဖက်ထားမိပြီး...ထိန်းထားသမျှမျက်ရည်တွေကိုပါ စီးဆင်းခွင့်ပေးလိုက်တော့တယ်....

"ဟင်...."
ကျွန်တော့်ကိုပြေးဖက်လာတဲ့ လူတစ်ယောက်.....ဖက်ထားရင်းငိုနေပုံပဲ ပုခုံးပေါ်ကရေစီးကြောင်းလေးကြောင့် သတိထားမိလိုက်တယ်.....ဘာကြောင့်မှန်းမသိငြိမ်နေမိတယ်....ရုန်းဖို့လည်းမေ့ခဲ့တယ်.....jiminလို့ခေါ်လိုက်တဲ့အသံကြောင့်လားတော့မသိဘူး....အကြောင်းပြချက်မရှိဘဲရင်းနှီးကျွမ်းဝင်နေတဲ့ အသံမျိုးလို့ခံစားရတယ်.....ရုတ်တရက်ပြေးလာတဲ့ hoseokက...

"လွှတ်လိုက်ပါ...အိမ်ရှေ့စံ....jimin...ဒီဘက်လာ..."

"အမ်...အင်း...."
သူကအိမ်ရှေ့စံတဲ့လား....ငါ့လိုဆင်းရဲသားကိုဘာလို့လာဖက်တာလဲ လူမှားတာလား....hoseokနောက်ရောက်တဲ့အထိ သူ့မျက်လုံးတွေက ကျွန်တော့်ဆီမှာ.....နာကျင်နေတဲ့ပုံစံမျိုး....မျက်ဝန်းတွေကတစ်ခုခုကိုပြောချင်နေပုံရတယ်.....

"Jimin....သွားတော့.....ငါစကားပြောလိုက်ဦးမယ်......"

"အင်းပါ...."
ကျွန်တော်ထွက်သွားတဲ့အထိသူ့မျက်လုံးတွေဟာ နေရာမပြောင်းသေးဘူး.....မသွားပါနဲ့လို့သူ့မျက်လုံးတွေက ပြောနေခဲ့တယ်.....ကျွန်တော်စိတ်ကထင်နေတာပါဆိုပြီး အဲ့နေရာကနေထွက်လာခဲ့တယ်....

သစ်ပင်အကွယ်ကနေတိတ်တိတ်လေးခိုးကြည့်နေခဲ့တာ....hoseokကသူ့ကိုဦးညွတ်ဂါဝရပြုနေတယ်....နောက်ပြီးစကားတွေပြောနေတဲ့တစ်လျှောက်လုံးလည်း သူငိုနေတုန်းပဲ နောက်ပြီးhoseokကိုတောင်းပန်နေတဲ့ပုံပဲ....နောက်ပြီးတစ်ခုခုကိုတောင်းဆိုနေတဲ့ပုံပဲ....သူ့မျက်ရည်တွေဟာ ဘာကြောင့်လဲမသိဘူး တစ်စက်ကျလာတိုင်းကျွန်တော်နာကျင်နေမိတယ်.....သူငိုနေတာကျွန်တော်ကြောင့်လားဆိုပြီး ရူးကြောင်ကြောင်လဲတွေးမိသေးတယ်.....တိုင်းပြည်ရဲ့အိမ်ရှေ့စံဟာ ကျွန်တော့်အတွက်ငိုသည်တဲ့လား ရူးလိုက်တဲ့အတွေး....ဆက်မကြည့်နိုင်တော့တဲ့အဆုံးမှာ သစ်ပင်နောက်မှာထိုင်ချရင်း သူ့မျက်ရည်တွေကို မျက်ကွယ်ပြုလိုက်တယ်....

မောင့်မူပိုင်သမားတော်💘Where stories live. Discover now