"ငွေက ဒါပဲလားဟယ် နည်းလိုက်တာ
နင့်အဖေက ငွေမည်းတွေနဲ့ ပွနေတာတောင်
နင် ဒီလောက်ပဲ သုံးရတာလား"

"ဟင့် ဟင့်အင်း ဟို ဟို ခွင့် ခွင့်လွတ်ပါ
အသွေးမြတ် နက် နက်ဖြန် ဖေဖေ့ဆီက
ပိုခိုးခဲ့ပါမယ်"

  "ဖြန်း"

    အသွေးမြတ် ပါးလေး ရဲတက်သွားလေသည်။
ထပ် ရွယ်ထားလေသော ဝမ်းကွဲအစ်မဖြစ်သူကို
ကြောက်လန့်စွာ တုန်နေရင်း လက်ကလေးနဲ့
ကာထားစဉ်  ထပ်၍ ရောက်မလာတော့သော
လက်ဖဝါး။

  " ဗုန်း "
"ခွပ်"
"အား အ "
"ဖြောင်း ဒုတ်"

       " သွေးကလေး"
    ခေါင်းကလေး ငုံ့ထားဆဲ ကြားလိုက်ရတဲ့အသံ။

  " ဦး ဦး လားဟင်"
"လာ ထ "

    အမှန်တကယ်ပင်။ ဦး ဦးညှို့နက်။
လက်ကလေး ကမ်းပေးနေလေသော
သူ။ နံဘေးတွင်လည်း အော်ညီးနေလေ
သော သွေးအနီးဆုံး ဆွေမျိုးညီအစ်ကို
အစ်မတသိုက်။

     " အဟင့် ဦး သွေး ကြောက်တယ် "
"ကျစ် ဖယ်ပါ လုပ်မနေနဲ့ "

        သွေး လာဖက်ပေမယ့် သနားတာကို
ဝါသနာမပါတာမို့ ဦးညှို့နက်ဆိုသော
လူကြမ်းကြီးမှာ လျင်မြန်သော ခြေလှမ်းတို့
နဲ့ တက္ကသိုလ်ဝင်းအတွင်းမှ ခုန်ကျော်လွှား
ထွက်လာ ခဲ့လေတော့သည်။

   " ဦးရယ်……"

   သွေးကို စိတ်မချတာထက် တိုနေသော
ဒေါသက ဘော်ဒီဂတ်ဆိုသော အကောင်
တချို့ကြောင့်မို့………

   " ဟော ခင်များကြီး ဘယ်လစ်တာတုန်း
ခင်များ အငယ်ဆုံးလေးကို ဆော်သွား
သေးတယ်ဆို "

"ဟုတ်တယ် ဘော်ဒါချင်း ဒီလို
လုပ်စရာလား ဟာ ဟာ ဘာလို့
ဝင်လာတာလဲ ဟ ဇွတ်ပါ့လား"

         တခဏတာမျှလောက်  ကားထဲ ဆူညံပွတ်ထသွားလေသည်။ တအောင့်
ကြာလေမှ ကားတံခါးကို ဖွင့် ထွက်လာ
တဲ့အခါ ဦးညှို့နက် လက်တွင် သွေးစ
သွေးန တချို့ တွဲလဲ ခိုနေလေရဲ့။

         လက်ကို ပဝါ ထုတ်လို့ သုတ်ပြီးတဲ့
နောက် အတန်းပြီးနိုင်မယ့်အချိန် စောင့်လို့
သခင်မရှိရာ ဦးညှို့နက် လှမ်းလာခဲ့လေသည်။

Love + Love [Normal Fiction]Where stories live. Discover now