စိုင်းခန့်အိမ်တစ်ညအိပ်ပြီးမှ မနက်ကားနဲ့သွားကြမှာမို့ ပြင်ဆင်စရာရှိတာပြင်ဆင်ရင်း စကားတပြောပြောပင် ။

" ငစိုင်း မင်းမွေးရပ်မြေက လင်းခင်းဆို "

" အေးလေ ဘာလို့လဲ "

" အဲ့တာ လင်းခင်းမသွားပဲ ဘာလို့ကလောသွားမှာလဲ "

" လင်းခင်းမှာအိမ်မှမရှိတာ ကလောမှာပဲ။ဖေဖေက အိမ်ဝယ်ထားတာလေ "

" အော် ငါလဲကလောမှာခြံဝယ်ချင်တယ်ကွာ မေမေတို့နဲ့ခြံလေးလုပ်ပြီးပဲ အေးဆေးနေတော့မယ် "

" ယမှုံကရော "

" ဟင် ငါနဲ့ဘာဆိုင်လို့လဲ။သူ့မိဘတွေရှိတယ်လေ "

" နဲနဲလေးတောင်သဘောမကျဘူးလား။ အဲ့ကလေးကို "

" ဟင့်အင်း မကျဘူး ဘာလို့လဲ "

" အကြင်နာတရားမဲ့တဲ့ကောင် သူကမင်းကိုတအားတွယ်တာတဲ့ဟာကို "

" ငါ့ညီမလေးပဲလေ တစ်ချိန်သူ့ကို သူများကယူသွားမှာ ငါကအေးဆေး "

" မင်းပြီးမှနောင်တရနေမယ် "

" လျာရှည်ပြန်ပြီ ငါအလုပ်ကိစ္စ ကိုဆက်ကိုပြောဦးမယ် ခဏ "

နေရောင့်ကိုကြည့်ရင်း စိုင်းခန့်သက်ပြင်းချမိသည် ။ ဒီလူ ကိုယ့်စိတ်မှကိုယ်နားမလည်တာ အဲ့တာကြောင့်လဲ တစ်ခန်းလွတ်နေတာ ။ သနားဖို့ကောင်းတာ ဖက်တီးလေးပဲ ကလေးကအသဲကွဲကျန်နေရမှာ အလိုလိုမြင်နေတော့သည်။

" ဟယ်လို "

" ကျွန်တော်ပါ။ ကျွန်တော် ကလောသွားမလို့ အလုပ်ခဏလေးကြည့်ပေးထားပါဦး"

" ရပါတယ် ငါဝင်ကြည့်လိုက်မယ် မင်းနေကောင်းအောင်လုပ်ခဲ့ မင်းရုပ်ကကျပ်မပြည့် မတ်မပြည့်ရုပ်ပေါက်နေပြီ "

" ဟာဗျာ ကိုဆက်ကလဲ "

နေရောင်အလုံးလိုက် လည်နင်သွားရတာမို့ ခေါင်းသာကုတ်မိတော့သည်။

" အဲ့တာဆိုဒါပဲ ဘာမှာဦးမလဲ "

" ဟိုကောင် လေရှီး သူ့ခြံထဲကအသီးတွေယူခဲ့လို့ "

" အိုခေ အိုခေ "

နေရောင်ရီရင်း ဖုန်းချကာ အခန်းထဲ ပြန်ဝင်လာတော့သည် ။ ငစိုင်းကမေးဆတ်ပြရင်း

အချစ်သည် ထာဝရအတွက် ဖြစ်တည်ခဲ့လျင်Nơi câu chuyện tồn tại. Hãy khám phá bây giờ