ကျွန်းပေါ်တွင် ( Uncertain future )

2.7K 210 58
                                    

ခန္ဓာကိုယ်ကတဖက်ထဲသို့ အချိန်ကြာမြင့်စွာ ပုံသေမှေးစက်နေသည်မို့ ညောင်းညာလာခြင်းနှင့်အတူ အနေအထားပြောင်းရန်ကြိုးစားစဥ် သေးသွယ်သော
ခန္ဓာကိုယ်လေးအထက် တင်းကြပ်နေအောင်ပွေ့ဖက်ထားသော လက်တွေအား အရင်လွန်ဆန်ရသည် ။

မင်းသစ် - အင်းး.. အင်..

ခြေထောက်2ဖက်အားအပြင်းကြောဆန့်၍ မျက်ခွံဖောင်းဖောင်းလေးကို အနဲငယ်ပဲဖွင့်ရသေး မြင်လိုက်ရသော သူ့မျက်နှာကြောင့် မျက်လုံးလေးဝိုင်းစက်သွားသည် ။ ဟုတ်သားပဲ... မနေ့ကငါအိပ်ပျော်သွားခဲ့တာ.. သူချော့သိပ်နေရင်းနဲ့လေ.. ။

" ဒီအကြောင်းတွေခေါင်းထဲပြန်ရောက်လာတော့ ခန္ဓာကိုယ်အားသူနိုးမှာစိုး၍ တုန့်တုန့်မျှမလှုပ်ဘဲ စိုက်ကြည့်နေလိုက်သည် ။ "

<< ဒီရက်ပိုင်းသေချာကြည့်ရင် မျက်နှာအနဲငယ် ချောင်ကျသွားသလိုပါ.. ပင်ပန်းလို့ထင်ပါရဲ့... ဒီလိုနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည်ကိုလဲ မင်းသစ် တခါမှမမြင်ဘူး... အမြဲနိုးလာတိုင်း အလုပ်သွားရန် ပြင်ဆင်နေတက်သူသည် ဒီနေ့တော့ အရာအားလုံးကိုမေ့ကာ အိပ်စက်အနားယူသည် ။ ဒီလိုလူကို ငါမနေ့က ပါး2ချက်တောင်ရိုက်ခဲ့တာ.. >>

"" အခုလိုတွေးပြန်တော့လဲ မင်းသစ်တကယ်စိတ်မကောင်းပါ... ဒါပေမဲ့ သူသည်ဘယ်သောအခါမှ ပွင့်ပွင့်လင်းလင်း မရှိ ။ တယောက်ထဲပဲဖြေရှင်းမည် တယောက်ထဲပဲရင်ဆိုင်မည်ဆို... မင်းသစ်ကို ဘာအတွက်ထားမှာလဲ..၊ တနေရာမှအားကိုးမရတဲ့ သူမှန်းလဲ ကိုယ့်ကိုကိုယ်သိသည်.. ဒါပေမဲ့ ပြောသမျှနားထောင်ပေးနိုင်ခဲ့ရင်တောင် ဖွင့်ထုတ်ရတဲ့ ခံစားချက်တွေက ရင်ထဲမွန်းကြပ်မနေပါ ။ ""

[[ မွေးထဲက အနားမှာဘယ်သူမှမရှိခဲ့လို့များလား.. ငါ့လိုပေါ့.. ]]

အတွေးနယ်ထဲခြေစုံချနေရင်းမှ ထိုမျက်နှာအားမေ့ာကြည့်သော် Hazelများနှင့်တည့်တိုးသည် ။ ဘာရယ်မဟုတ်ကြည့်နေတာလူမိသွားသလို မျက်လွှာအောက်ချမိတော့ သူ့ထံကရယ်သံတချက်ကြားသည် ။

" ဟွန့်.. ရယ်စရာပါလား.. "

ကြည့်တော့ဘာဖြစ်လဲ.. ချောလို့ကြည့်တာလေ.. မချောရင်ကြည့်မလား.. ငါ့အပြစ်မှမဟုတ်တာ.. ဘယ်သူမဆိုကြည့်မှာပဲ အခွန်လဲဆောင်ရတာမဟုတ် ။ တွေးတော့သာဒီလိုဆိုပေမဲ့ မျက်နှာပြင်လေးနီရဲစွာပင် နေရထိုင်ရခက်နေတုန်းမှာ " ပြွတ်ကနဲ "ပါးပြင်သို့ အနမ်းခံလိုက်ရသည် ။

ကျွန်းပေါ်တွင် တပတ် [ ကျွန်းပေါ်တွင် တပတ် ] Where stories live. Discover now