သူ့အဖြစ်ကစုပ်လဲရူး။စားလဲရူး။
ယောင်းကို ချစ်ရတာပင်ပန်းလိုက်တာ...

တောင်ခနဲ Noti ဝင်လာတော့ ဖုန်းထုတ်ကြည့်မိတော့ Dollor 20200 တိတိ သူ့အကောင့်ထဲ ဝင်နေသည်။

တောက်!!ဟာကွာ....

ယောင်းက တကယ်ပဲ ဘာဖြစ်ချင်နေရတာလဲ။အခု သူ့ပိုက်ဆံကို ဂျီမင်းဆီက ချေးပီးပြန်ပေးတာပဲ ဖြစ်ရမည်။အခု သူကဘာကောင်ဖြစ်သွားပီလဲ။ချစ်သူကောင်းတစ်ယောက် မဟုတ်တော့သလိုပဲ။ ယောင်းက မာနကြီးလွန်းတာကို သူမေ့သွားတာ...

ဒီငွေတွေကို မောင်က အဓိက ပြောချင်တာမဟုတ်ရပါဘူး ထယ်ယောင်းရယ်။မင်းဘယ်သူနဲ့ သွားပီးဘာတွေလုပ်ထားလဲဆိုတာ မောင်မမေးရဲလို့ ပီးတော့ မောင်စိတ်တိုမိသွားလို့ စကားကို လွှတ်ခနဲထွက်သွားမိတာပါ။

ဖုန်းဆက်ကြည့်သော်လည်းစက်ပိတ်သွားတဲ့ ဖုန်းလေးကြောင့် ဂျောင်ကုလဲ မစဉ်းစားတော့ဘဲ
ကားသော့ဆွဲကာထွက်လာခဲ့တော့သည်။

"ဟဲ့ သားဘယ်လဲ မာမီ့အိမ်မှာ ဒီညအိပ်ရမယ်လို့ပြောထားတယ်လေ"

"ထယ်ယောင်းဆီသွားမလို့ မာမီ။ကျွန်တော် တစ်ခါထဲပြောပါ့မယ် ထယ်ယောင်းနဲ့ လမ်းခွဲဖို့ လုံးဝမဖြစ်နိုင်ပါဘူး ကျွန်တော် ယောင်းကိုချစ်တယ် မာမီ"

ထွက်သွားပီဖြစ်တဲ့ ဂျောင်ကုကို လိုက်ကြည့်ပီး Mrs.Jeon တစ်ယောက် မဲ့ပြုံးပြုံးလိုက်မိသည်။
မှတ်လောက်သားလောက်အောင်လုပ်မှ ဖြစ်တော့မည်။တားဆီးထားတဲ့ သတင်းတွေကို မထိန်းချုပ်တော့ဘူးဆို အဖွဲ့ကိုပါ ထိခိုက်လာမဲ့ ဒဏ်ကို မင်းလိုအားနာတတ်တဲ့ကလေးက ခံနိုင်ရည်ရှိပါ့မလား မာမီစောင့်ကြည့်ချင်တယ်။အရင်ကဆို မိဘစကားအတိုင်းလိုက်လုပ်ခဲ့တဲ့ကလေးက အခု‌တော့ သတ္တိ‌တွေရှိနေလိုက်တာ...

အဟက်။ကင်မ်ထယ်ယောင်းနဲ့ပါ စကားပြောဖို့လိုလာပီပေါ့...

____________

"ယောင်း တံခါးဖွင့်ပါ ဦး!မောင်မှားသွားပါတယ်ယောင်းရယ် မောင်ဘာမှ မမေးလိုက်သင့်ဘူး ။တံခါးဖွင့်ပါကွာ"

ပင်မတံခါးက pw ကို ဖွင့်လာသော်လည်း အိပ်ခန်းတံခါးပိတ်ထား‌သောကြောင့် အရှေ့ကနေ ထုကာ အော်ဟစ်နေ‌သောမောင့်ကို ဖွင့်ပေးဖို့စိတ်ကူးလုံးဝမရှ်ိဘူး။ဒါမောင်ပိုင်တဲ့ အိမ်ဆိုရင်တောင် ငါ့သဘောငါ့ဆန္ဒပဲမောင်။

WE CAN'T BE FRIENDS(Complete)Where stories live. Discover now