မြင်းဟာတရွေ့ရွေ့နဲ့ နှင်လာလိုက်တာ ပြောင်းခင်းနားထိရွေ့လာခဲ့ရတဲ့မြင်းလေး....စိုက်ခင်းကြီးက စိုပြေစိမ်းလန်းနေပေမယ့်...အိမ်ရှေ့စံရင်ထဲမှာတော့ မှိုင်းပြပြရယ်....
ရုတ်တရက် မျက်လုံးလေးဝိုင်းသွားရတဲ့အိမ်ရှေ့စံ....အိမ်ရှေ့စံမျက်လုံးဝိုင်းစေတာ ဘယ်အရာကလည်း...
______________________________
Upလိုက်ပါပြီ...ကြာသွားတယ်နော်...
Thank my readers,
💜Minna💜
______________________________**zawgyi**
ကျား....ကျား...ဆိုတဲ့မြင်းနှင်သံအတူ ဆင်ခြေဖုံးရပ်ကွက်ထဲဝင်လာလေတဲ့ ပိုးသားဝတ်ရုံကိုဆင်မြန်းထားတဲ့ အိမ်ရှေ့စံ....
မြင်တဲ့သူတိုင်းက တအံ့တသြပေါ့...
ပိုးသားဝတ်ရုံနဲ့ တန်ဖိုးကြီးမြင်းဟာ သာမာန်လူမဟုတ်မှန်း သိသာစေတဲ့အချက်...
အိမ်ကိုရောက်ဖို့သာ ဆန္ဒစောနေခဲ့တာ ဘေးဘီကြည့်ဖို့မေ့နေလေရဲ့....မြင်ချင်ခဲ့တဲ့မျက်နှာလေးမြင်ရဖို့....ကြားနေခဲ့တဲ့အသံလေးကြားရဖို့....စိတ်ကလောနေတာ...သူတစ်နှစ်ပတ်လုံးဒီလူသားတဲ့မရှိတဲ့နန်းတော်ကြီးမှာ အထီးကျန်နေခဲ့တာ....လွမ်းနေခဲ့တာ...တမ်းတနေခဲ့တာ...သူနှလုံးသားကအသိဆုံးပဲလေ....ပြန်တွေ့ခဲ့ရင် မထိခိုက်မနာကျင်စေဖို့ သူ့ကိုယ်သူကတိတွေလည်း အထပ်ထပ်ပေးခဲ့သေးတယ်....သူကာကွယ်ရမယ့်သူပါလို့ ဖန်ဆင်းပေးထားတဲ့လူသားလေးကို ဘာတွေပဲဖြစ်လာဖြစ်လာ သူ့အသက်နဲ့ရင်းကာ ကာကွယ်ဖို့ဆုံးဖြတ်ချက်ချထားပြီးပြီမို့...အဲ့ဒီဆုံးဖြတ်ချက်လေးကို အသိပေးဖို့ သူရောက်လာခဲ့တာ...
မြင်းကိုအကြမ်းနှင်ကာ ချစ်ရသူသာမျက်လုံးထဲမြင်ယောင်ပြီးလာခဲ့တာမို့...ဘယ်သူဘယ်ဝါကိုမှ အာရုံထဲထည့်မထားခဲ့....
ရုတ်တရက်ဆိုသလို ဝင်တိက်ုမိတဲ့ကောင်လေးကိုတောင် လှည့်မကြည့်နိုင်ခဲ့...
"Hoseok ah...ငါ့ကိုအလုပ်တွေမခိုင်းနဲ့နော်....ငါမလုပ်နိုင်ဘူး...နော်...နော်...နော်....နော်လို့...."
"အေးပါကွာ...တိတ်တိတ်လေးလိုက်ရင်မခိုင်းဘူးကွာ...ဟုတ်ပြီလား..."
"ပြီးရော....ဟီး..."
ကျား...
"အ့..."
ရုတ်တရက်အရှိန်နဲ့ဝင်လာတဲ့မြင်းကြောင့် လူကလန့်ပြီးထရက်သားလဲသွားခဲ့တယ်...
YOU ARE READING
မောင့်မူပိုင်သမားတော်💘
Fanfictionမောင့်ရောဂါက မောင့်မူပိုင်သမားတော်နဲ့မှ ပျောက်နိုင်မှာ... ________________________________ -zawgyi- မောင့်ရောဂါက မောင့်မူပိုင်သမားတော်နဲ့မှ ပျောက်နိုင်မှာ...
~~~26~~~
Start from the beginning
