"ဟမ်...."
Jiminကိုမေးနေတယ်....ဘယ်သူမို့လို့လဲ.....ကျွန်တော်တို့ဘဝတွေက အမှန်တွေပြောပြဖို့ခဲယဥ်းတဲ့ဘဝတွေမို့....ဖြေဖို့ကြောင်အမိတယ်.....
"Park jiminလေ...."
"ကျွန်တော် မသိဘူးခင်ဗျာ....အိမ်မှားလာတာထင်တယ်နော်.."
Park jiminလေဆိုတဲ့လေသံမှာ....ကျွန်တော်ရဲ့စိတ်ကသွားသတိရမိတဲ့ အိမ်ရှေ့စံမို့...ဘာပဲဖြစ်ဖြစ်....ဘယ်သူပဲဖြစ်...အမှန်တိုင်းပြောလို့မဖြစ်....
"မမှားလောက်ပါဘူး"ဆိုပြီး ဝင်ထောက်တဲ့ အသားဖြူဖြူနဲ့လူကို လှမ်းကြည့်မိတော့...hoseokieလေးပြောတဲ့ အိမ်ရှေ့စံကိုယ်ရံတော်ဖြစ်ရမယ်...မဖြစ်သေးပါဘူး...
"ဒီကမေးတဲ့လူကို ကျွန်တော်မသိဘူးဗျ...ဒီရွာမှာက သခင်လေးဆိုတာမှမရှိတာ...အားလုံးကလက်လုပ်လက်စား အောက်ခြေလူတန်းစားတွေနေတာလေ...အဲ့ဒါကြောင့် နေရာမှားလာတယ်ပြောတာပါ...."
ကျွန်တော်အလိမ္မာနဲ့လိမ်ရမည်လေ.....တော်ဝင်မျိုးရိုးကိုလိမ်ပြောရင် ပြစ်ဒဏ်ကသေးမှမသေးဘဲကို....ဆွေစဥ်မျိုးဆက်ကိုးဆက်အသတ်ခံရမယ်ဆိုပေမယ့်.....လက်ရှိမိသားစုလေးကိုတော့....ဘာအကြောင်းပြချက်နဲ့မှ အထိခိုက်မခံနိုင်ပါ....မင်းပြစ်ဒဏ်သင့်လည်း လည်စင်းပေးပါ့မယ့် ကျွန်တော်ရဲ့ကလေးနှစ်ယောက်သာ ဘေးကင်းမယ်ဆိုရင်ပေါ့...
"တောင်းပန်ပါတယ်နော်...."
ငါသေချာမှတ်မိပါတယ်....မလွဲနိုင်ပါဘူး....ထားပါလေ...
"ပြန်ကြမယ်လေ အိမ်ရှေ့စံ.."လို့ပြောလိုက်တာနဲ့..
"အိမ်ရှေ့စံကို ဂါဝရပြုပါတယ်....မသိလိုက်လို့ခွင့်လွှတ်ပေးပါ.."
"ထပါ...ရပါတယ်....ကိုယ်တော်ခွင့်လွှတ်ပါတယ်..."
"ကျေးဇူးတင်ပါတယ်....အိမ်ရှေ့စံ..."
"ဒါနဲ့....ဒီရွာခံလား..."
"မဟုတ်ပါဘူး..."
"ကိုယ်တော်ပြန်လိုက်ပါဦးမယ်.."
"အိမ်ရှေ့စံကို ပို့ဆောင်ပါတယ်..."
အိမ်ရှေ့စံတို့ပြန်မှပဲ အသက်ရူဖို့သတိရတော့တယ်.....
"Jiminမရှိလို့ တော်သေးတယ်.."
သူသာရှိနေရင် ဒုက္ခ...
အိမ်ဝကနေထွက်သွားတဲ့အိမ်ရှေ့စံမျက်လုံးတွေဟာ မတည်မငြိမ်နဲ့ ဝေ့သီလာတဲ့မျက်ရည်တွေဟာ သိပ်ဝမ်းနည်းနေတာသိသာလွန်းတယ်.....တာကျိုးလာမယ့်မျက်ရည်တွေကို ထိန်းထားရင်း မြင်းပေါ်တက်ကာ ရောက်လေရာသာ နှင်လိုက်မိတဲ့ အိမ်ရှေ့စံ....
YOU ARE READING
မောင့်မူပိုင်သမားတော်💘
Fanfictionမောင့်ရောဂါက မောင့်မူပိုင်သမားတော်နဲ့မှ ပျောက်နိုင်မှာ... ________________________________ -zawgyi- မောင့်ရောဂါက မောင့်မူပိုင်သမားတော်နဲ့မှ ပျောက်နိုင်မှာ...
~~~26~~~
Start from the beginning
