"မြန်မြန်သွားရအောင် jimin...နောက်ကျနေပြီ...."

"ဖြေးဖြေးလုပ်ပါကွာ....လျှောက်နေတာပဲကွာ...."

"မြန်မြန်လာ....ပေးအဲ့ပစ္စည်းတွေ .....ရှေ့ကမြန်မြန်လျှောက်....သွား..."
တွေ့လို့မဖြစ်ဘူး...jimin....ငါမင်းကိုသူတို့နဲ့ဝေးရာကို ခေါ်လာထဲက..အဝေးဆုံးခေါ်သွားမှာ..မင်းနာကျင်ရမှာတွေ ငါမမြင်ချင်ဘူး....

"အေး...အေး..အေးပါကွာ...သွားနေပါတယ်..."
ကျွန်တောကိုင်ထားတဲ့ ပစ္စည်းအားလုံးကိုလက်လွှဲယူကာ မြန်မြန်သွားနေတယ်....သူ့မျက်နှာမှာလည်း စိုးရိမ်ပူပန်မူတွေများနေသလိုပဲ....တစ်ခုခုများဖြစ်လို့လား....မေးကြည့်ရမယ်...

"Hoseok ah...ဘာဖြစ်လို့လဲ..."

"ဘာမှမဖြစ်ဘူး...မြန်မြန်လာ..."ဆိုကာ...သုတ်သုတ်နဲ့လျှောက်လာလိုက်တာ စိုက်ခင်းရောက်သည့်အထိ....လမ်းမှာလည်းဘေးဘီတောင် မကြည့်ပါဘဲ တန်းတန်းမတ်မတ်လျှောက်လာခဲ့တာ စကားလည်းတစ်လုံးမှမပြောဘဲနဲ့ပေါ့....ကျွန်တော်ကလည်းသူဘာဖြစ်နေလည်း နားမလည်နိုင်....

တစ်ဖက်မှာလည်း....
ဒုန်းစိုင်းနှင်လာတဲ့မြင်းဟာ အိမ်တစ်အိမ်ရှေ့အရောက်မှာရပ်တန့်ခဲ့ချေပြီ....

"ဒီအိမ်ဆိုတာ သေချာလားhyung..."
ကိုယ့်မင်းဆီလာခဲ့ပြီ....အားလုံးကိုထားခဲ့ရရင်တောင် မင်းကိုတော့မထားခဲ့နိုင် ကိုယ့်ရဲ့အိပ်မက်ဆိုးတွေက မင်းမရှိတဲ့အချိန်လေးမှာ ကိုယ့်ကိုခြောက်လှန့်နေပြန်ပြီ....ကိုယ်မင်းကိုလိုအပ်တယ် သမားတော်လေးရယ်....

"သေချာပါတယ်....."

ဝုန်း....
တံခါးဖွင့်သံကျယ်ကျယ်လောင်လောင်ကြောင့် jinတစ်ယောက်လန့်ဖြန့်ကာ...

"အမယ်လေး...jiminတို့ပြန်လာတာလားမသိဘူး....ထွက်ကြည့်ဦးမှာပါ..."

"ဒီကလေးနှစ်ယောက်ကတော့လေ....တံခါးကို..."

ဘာပြောရမှန်းမသိဘဲ ပြောရမယ့်စကားတွေပါ ရပ်တန့်သွားပြီး....မျက်စိရှေ့မှာ မျက်နှာစိမ်းလူနှစ်ယောက်ကြောင့် လန့်နေတဲ့seokjin

"ဘယ်သူလဲ....မသိဘူး..."

"Jimin...သခင်လေးဘယ်မှာလဲ..."

မောင့်မူပိုင်သမားတော်💘Where stories live. Discover now