" ဝင်တော့လေကွာ..မိုးက သည်းလာတော့မှာ..သူလည်းခဏနေလာမှာပေါ့.."

" ကျွန်တော်လည်း ဦးလေးပြောတဲ့ အဲ့ဒီ့ခဏေန က်မှဝင်မယ်.."

"တော်တော် လက်ပေါက်ကပ်တဲ့ ကျောင်သားပဲ..ဒီလောက် လူလေးနဲ့မလိုက် ခေါင်းမာတဲ့ ကျောင်းသားမျိုး မတွေ့ဖူးဘူး."

ဦးလေးကြီး သည် စစ်အား ထောပနာပြုနေသော်လည်းစစ် သည် လက်မှနာရီအား ငုံ့ကြည့်နေသည် ။

ဦးလေးကြီးပြောသည့် အတိုင်းပင် မိုးသည် တဝေါဝေါဖြင့်သည်းသည်းမည်းမည်း ရွာချလေသည် ။ ထီးပင်မနိုင်တော့ဘဲ စစ်ဧ။် လွယ်အိတ်နှင့် အပေါ်ဝတ်အင်္ကျီပေါ်သို့ မိုးရေများစိုရွှဲကုန်သည် ။

လွယ်အိတ်အား ရင်ဘတ်တွင် ပြန်လွယ်ကာ
ဆက်စောင့်နေလျှင် သူရဲကောင်းဆန်မလား ၊
မိုက်ရူးရဲဆန်မလား မသိသော်လည်း စစ် ဆက်စောင့်နေလိုက်သည် ။ တစ်နေရာတည်းတွင် ရပ်နေသောကြောင့် ညောင်းလာသော ခြေထောက်များအားခေါက်တုန့်ခေါက်ပြန် လျှောက်ပေးနေရသည် ။မည်သို့ပင်ဖြစ်စေကာမူ အတန်းတွင်း၌ ထိုင်မရ ၊ ထမရ ၊
ဝင်မရ ၊ ထွက်မရ အဖြစ်မျိုးထက် စာရင် ဒါက ပို၍တော်သေးသည် ။

" ဟို ခေါင်းမာတဲ့ ကျောင်းသား.. မိုးရွာနေတာ မသိဘူးလား..စောင့်ချင်ဒီအမိုးမှာ လာနေချေ.."

"အာ..ဟုတ်.."

ပြောနေတာတောင်မှ ကျောင်းအပြင်သို့ လှည့်ကြည့် လှည့်ကြည့် လုပ်နေသော စစ်အား ဦးလေးကြီးသိပ် စိတ်မရှည်ချင်တော့..။

"တစ်ကားလုံးနောက်ကျနေတာပဲ..အဲ့ဒီ့ ကောင်မလေး တစ်ယောက်တည်း မဟုတ္ဘူး..အခန်းထဲပြန်စောင့်လို့တောင်ရတယ်.."

"ဗ်ာ.."

"မင်း သူငယ်ချင်း ကောင်မလေးမလား..ငါ ကျောင်းသားဘဝတုန်းကလည်း ကိုယ်
သဘောကျတဲ့ သူငယ်ချင်း မေလး ကို အမြဲစောင့်ပြီး သူပါမွ ကျောင်းထဲအတူဝင်တာကွ..လူငယ်ဆိုတော့ ဒီလိုပဲပေါ့ကွာ.."

"ဗ်ာ.."

စစ် ဒုတိယံမ္မိ ဗ်ာ ရပြန်သည် ။ မူလတန်းကတည်းက မင်းဘုန်းမြတ်ပိုင် မပါလျှင် အတန်းထဲမဝင်ချင် ။မင်းဘုန်းမြတ်ပိုင် မရှိလျှင် မုန်ဈေးတန်းမသွားတတ် ။စာလုပ်လျှင်တောင် မင်းဘုန်းမြတ်ပိုင် နှင့်အတူလုပ်တတ်သည် ။ ယခုကြီးလာမှသာကိုယ့်အိမ်တွင်ကိုယ် guide နှင့် သင်ခြင်းပင် ။

Tie Up ( Completed) On viuen les histories. Descobreix ara